7. "Good" Bye
"Jun..."
ခပ်တိုးတိုး ခေါ်သံကြားတော့ Suho မျက်လုံးတွေကို ဖွင့်လိုက်မိသည်။ သူ့နားက ကောင်လေးက ခပ်မှန်မှန် အသက်ရှူသံတွေနဲ့အတူ အိပ်မောကျနေဆဲ... ကောင်လေးရဲ့ ဆံပင်တွေကို Suho နှာခေါင်းထိပ်ဖျားနဲ့ တို့ထိမိသည်။
"Jun..."
ထပ်ခေါ်သံကြားမှ Suho သတိဝင်လာရင်း အသာထထိုင်လိုက်သည်။ Soo နိုးသွားလောက်တဲ့အထိ မပြင်းထန်တဲ့ လှုပ်ရှားမှုလေး တစ်ခုသာပါ။
Suho အခန်းထောင့်ဆီ ကြည့်မိတော့ ထိုင်ခုံတစ်ခုံပေါ် ထိုင်နေတဲ့ Dae ကို တွေ့ရသည်။ သူ့မျက်နှာက တည်တည်ကြည်ကြည်၊ ပုံမှန်လို ပြုံးယောင်ယောင် မျက်နှာမရှိ။ Dae က Kyung Soo ကို လှမ်းကြည့်နေ၏။
"မင်းသူ့ဘောင်းဘီ ဝတ်ထားတယ် Jun."
Dae မျက်လုံးတွေက စူးစူးစမ်းစမ်းသဘော။ Suho... ဒါမှမဟုတ် Jun ပြုံးပဲ ပြုံးမိသည်။ ပြီးတော့ မတ်တပ်ထရပ်ရင်း Dae ဘေးဆီ လျှောက်သွားမိ၏။
"ဒီလိုပါပဲ... ဘာမှမဟုတ်ပါဘူး Dae.
ဘာကိစ္စရှိလို့လဲ..."Jun မေးလိုက်တော့ သက်ပြင်းငွေ့ငွေ့ချသံတစ်ခု Dae ထံမှ ထွက်ပေါ်လာသည်။
"မင်းကို လာကြည့်တာပါ။ ဘာမှမဖြစ်ဘူးဆိုရင်လည်း ဝမ်းသာပါတယ်..."
Dae မျက်နှာက စကားနဲ့မလိုက်ဖက်နေ။ ညှိုးတိုးတိုး မျက်နှာထားက နွမ်းလျနေသယောင်ယောင်။ Dae ကို ကြည့်ရတာ Angel တစ်ပါးထက် နေလောင်ပန်းပွင့်ဖြူ တစ်ပွင့်နဲ့ ပိုတူနေသည်။
"တကယ်က... မင်းထွက်သွားပြီး သိပ်မကြာဘူး၊ Tao ငါ့ဆီ ရောက်လာတယ်။ ပြီးတော့ Min Seok အကြောင်းမေးတယ်။ Kyung Soo အကြောင်းရောပဲ... သူမျက်နှာမကောင်းဘူး Jun. အဲ့ဒါကြောင့် ငါသူ့ကို မေးကြည့်တော့ သူကပြောတယ်..."
Dae က မျက်လုံးချင်းမဆုံဘဲ မျက်နှာကိုအောက်ချထားသည်။
YOU ARE READING
It Always Rains [KyungMyeon/SuSoo] Yaoi MYANMAR
Fiksi Penggemarမိုးရေစက်တွေက သူ့ကိုများ တစ်စိတ်တစ်ပိုင်း ကိုယ်စားပြုသလား။ သူရောက်လာတဲ့ အချိန်တိုင်း ကောင်းကင်က မျက်ရည်မစဲတော့တာ ကျွန်တော့်တစ်ကိုယ်လုံး ရွှဲနစ်စိုစွတ်နေခဲ့ပြီ... ဒါပေမဲ့ အဲ့ဒီ့ တမူထူးခြားတဲ့သူကိုပဲ ကျွန်တော့်လို သာမန်လူတစ်ယောက်က အရူးအမူး စွဲလမ်းနေမိခ...