4. I Am...
Hmm... Chen ဆိုတဲ့ တစ်ယောက်ပြောသွားသလို လာရော လာပါတော့မလား...
Kyung Soo နာရီကို ကြည့်တော့ အချိန်က လေးနာရီခွဲ... ပုံမှန်ဆို ဟိုလူကြီးကို မြင်နေရပြီ။ အခုကျတော့ ဘယ်ဆီဘယ်နားရောက်နေမှန်း မသိ။ စနေနေ့တွေမှာ ကျောင်းမရှိတာကြောင့် Kyung Soo ဒီကို ခပ်စောစော ရောက်နေတာမို့ ထိုင်နေရတာ နည်းနည်းကြာနေပြီလေ။ ကော်ဖီကို သောက်နေတာ နှစ်ခွက်ရှိပြီ။ ခုနကတောင် တစ်ခွက်မှာထားသေးသည်။
စနေနေ့ဆိုပေမဲ့ ဒီနေ့ လူသိပ်မကျနေ။ ကော်ဖီဆိုင်လေးက ပုံမှန်သောက်သုံးသူတွေ လောက်ပဲ ရှိတဲ့အပြင် သိပ်လည်းမကျယ်တာကြောင့် ဆိုင်ကို ပုံမှန်လည်ပတ်နိုင်ရုံလောက် ငွေသာရမှာ သေချာသည်။ ကော်ဖီဖျော်တာကလည်း ဆိုင်ပိုင်ရှင် Min Seok တစ်ယောက်တည်း... တိုးချဲ့ဖို့ စဉ်းစားထားပုံလည်း မပေါ်ပါလား...
အတွေးထဲမြောနေတုန်း ခုံပေါ်လာချပေးတဲ့ ကော်ဖီခွက်နှင့် မုန့်ပန်းကန်ကြောင့် အတွေးစပြတ်သွားရသည်။
"သူမလာသေးဘူးပေါ့။"
"အာ... ဟုတ်ကဲ့။"
Min Seok Hyung က အပြုံးလေးတစ်ခုနဲ့အတူ ဘေးမှာ ဝင်ထိုင်သည်။ Kyung Soo ပြန်ပြုံးပြလိုက်ပါသည်။
"ဒါနဲ့... ကျွန်တော် မုန့်မမှာထားပါဘူးနော်။ ကော်ဖီပဲ မဟုတ်လား။"
ခုံပေါ်က ကြည့်ရင်း Kyung Soo ပြောမိတော့ Xiu Min က ရယ်သည်။
"မပူပါနဲ့ကွာ။ Hyung က မင်း ကော်ဖီချည်းပဲ သောက်နေရင် အစာအိမ် ထိခိုက်မှာစိုးလို့ပါ။ ဧည့်သည်ကို ဧည့်ခံတဲ့သဘောပေါ့။ ဒီမုန့်လောက်နဲ့တော့ ငါလည်း မမွဲလောက်ပါဘူးလေ။"
Kyung Soo ပြုံးလိုက်မိပါသည်။ ပြီးတော့ သူသိချင်နေတာ တစ်ခုကို မေးလိုက်မိသည်။
"Hyung က Chen Hyung နဲ့ ဘယ်လိုသိတာလဲ..."
"ဪ... စိတ်ဝင်စားလို့လား..."
YOU ARE READING
It Always Rains [KyungMyeon/SuSoo] Yaoi MYANMAR
Fanficမိုးရေစက်တွေက သူ့ကိုများ တစ်စိတ်တစ်ပိုင်း ကိုယ်စားပြုသလား။ သူရောက်လာတဲ့ အချိန်တိုင်း ကောင်းကင်က မျက်ရည်မစဲတော့တာ ကျွန်တော့်တစ်ကိုယ်လုံး ရွှဲနစ်စိုစွတ်နေခဲ့ပြီ... ဒါပေမဲ့ အဲ့ဒီ့ တမူထူးခြားတဲ့သူကိုပဲ ကျွန်တော့်လို သာမန်လူတစ်ယောက်က အရူးအမူး စွဲလမ်းနေမိခ...