💚Ep 6💚

108 15 2
                                    

Haechannieနေမကောင်းလို့ကျောင်းမတက်တာ 3ရက်တောင်ရှိပြီ
Jisungကတော့ ညနေတိုင်း စာလာကူးပေးသည် ဦးကတော့ ထိုရက်က စပြီးမလာတော့ Haechannie messageပို့တော့လည်း စာမပြန်တော့

ဦးရေ ......
Haechannieဦးကိုချစ်တာ ခနတာ စိတ်ကစားပြီးချစ်တယ်ထင်နေတာလားဗျာ....
ဦးကိုစတွေ့ကတည်းက Haechannieရင်တေ ဗြောင်းဆန်ခဲ့ရတာ သိရဲ့လား....

**********************************
Taeil ကလေးအိမ်က ပြန်လာပြီးကတည်းက အတွေးပေါင်းများစွာ....
Taeil တကယ်တော့ ကလေးကို စတွေ့ကတည်းက စိတ်ဝင်စားခဲ့တာပင်
သို့သော် ကလေးအား ဖွင့်မပြောဖြစ်ခဲ့
အသက်မပြည့်သည့် ကလေးအား မုန့်ပေးကြိုက်သည် ဟု ပတ်ဝန်းကျင်က ပြောမှာစိုးရိမ်သည်
ယခုတော့ ကလေးက ဖွင့်ပြောပြီ
သို့သော့် ကလေးက သူ့အပေါ် စိတ်ကစားပြီး ခနတာ ကြိုက်မိမှာကိုစိုးရိမ်သည်
တကယ်လို့ ကလေးက သူ့ကိုတကယ်ချစ်သည်ပဲ ထားပါဦး
ပတ်ဝန်းကျင်ကို မမှုသည့် သူ့အတွက်ပြဿနာမရှိ သို့သော် ဝေဖန်ကဲ့ရဲ့မှုတေွက ကလေးကို ထိခိုက်စေမှာ သူကြောက်သည်

'ဒေါက် ဒေါက်'

တံခါးခေါက်သံကြောင့် တွေးလက်စ အတွေးတို့ လွင့်ပျယ်ကုန်သည်

"ဦးငယ် Ah Sung ဝင်လာခဲ့မယ်နော်"

"အင်း ဝင်လာခဲ့လေ"

"ဦးငယ် Ah Saung ပြောစရာရှိလို့ "

"ပြောလေ Ah Saungရဲ့ "

"ဟိုလေ Ah Saungတို့ကျောင်းမှာ နှစ်ဆုံးစာမေးပွဲက  နောက်လထဲမှာ ဖြေရတော့မှာလေ အ့တာ စာမေးပွဲမဖြေခင် ခေါင်းဆေးတဲ့ အနေနဲ့ ခရီးထွက်ချင်လို့ အဲ့တာ ဦးငယ် လိုက်ပို့ပါလား"

"လိုက်ပို့တာတော့ဟုတ်ပါပြီ ဘယ်ကိုခရီးထွက်မှာလဲ ဘယ်နှစ်ရက်သွားမှာလဲ ဆုံးဖြတ်ပြီးပြီလား "

"သွားမှာက ဦးငယ်နဲ့ ‌မာမား မွေးဇာတိက ဖွားဖွားခြံကိုသွားကြမယ်လေ အဲ့မှာပင်လယ်လည်းရှိတယ် စတော်ဘယ်ရီခြံလည်းရှိတယ်ဆိုတော့ ပျော်စရာကြီး
နှစ်ညအိပ်သုံးရက်ခရီးထွက်ကြမယ်လေ
ဒီပတ်ကျောင်းပိတ်ရက်သွားကြတာပေါ့"

"Ah Sung နဲ့ ဦးငယ်နှစ်ယောက်တည်းသွားမှာလား"

"ဟုတ်ဘူး ဦးငယ်ရဲ့ Ah Sung သူငယ်ချင်း သုံးယောက်ပါမှာ သူတို့ကိုတော့ အစီအစဉ်အကြောင်း မပြောရသေးဘူး နက်ဖြန်ကျောင်းရောက်မှ ပြောတော့မယ် အ့ဆို ဦးငယ်လိုက်ပို့မှာလို့ Ah Sung ပါပါးနဲ့ မာမားကိုသွားပြောလိုက်တော့မယ်"

ဦးမှမချစ်ရင်ဟယ်ချန်းနီလေးရူးပြီ🤗(Complete)Wo Geschichten leben. Entdecke jetzt