Jisung မြို့ထဲက ပြန်ရောက်ရောက်ခြင်း Chan ကိုလိုက်ရှာမိသည်
ကမ်းခြေဘက် ထွက်သွားသည်ဟူသော စကားကြောင့် Chan နောက် အပြေးအလွှား လိုက်ခေါ်မိသည်
သူ Chan ကို သူဝယ်လာသည့် ဆွဲကြိုးလေး ကိုပေးပြီး ဖွင့်ပြောချင်နေပြီလေကမ်းခြေရောက်တော့ မထင်မှတ်ထားသည့်မြင်ကွင်းတစ်ခု......
သူ့ဦးငယ်နဲ့ Chan နဲ့ နမ်းနေကြတာလား
ဒါ ဒါ.......ဘာတေွလည်းJisung ဆက်မကြည့်နိုင်တော့ဘဲ တောလမ်းလေးအတိုင်းပြေးလာခဲ့သည်
Chan ရာ မင်းချစ်နေတဲ့တစ်ယောက်ဆိုတာ ဦးငယ်လား...
ဦးငယ်ကလည်းဗျာ ကွျန်တော် Chan ကိုချစ်နေတာ သိသိရဲ့နဲ့....Jisung မိုးမခ ပင်ကြီးအောက်တွင် ခေါင်းကိုလက်နှင့်ယှက်ကာ ထိုင်ငိုမိသည်
“အကိုလေး ဒီမှာ အကိုလေး ကျနေခဲ့တာ ”
အသံကြောင့်မော့ကြည့်တော့ သူ Chan ကို ပေးမည့် ဆွဲကြိုးလေးကို လှမ်းပေးနေသော Le Le
သူဆွဲကြိုးလေးကို လှမ်းယူလိုက်တော့ Le Le က ထွက်သွားရန်ဟန်ပြင်လိုက်သည်“Le Le ခနလောက် ငါနဲ့အတူရှိနေပေး ”
Le Le က မိုးခပင်ကြီး၏ ပင်စည်ကိုမီကာ ထိုင်လိုက်သည်
“Le Le တကယ်လို့ မင်းချစ်တဲ့သူတစ်ယောက်က တစ်ခြားတစ်ယောက်ကိုချစ်မိနေတယ် သူနဲ့လည်း အဲ့တစ်ခြားတစ်ယောက်နဲ့အဆင်ပြေနေတယ်ဆို ဘာလုပ်မလဲ ”
“တကယ်တော့ အချစ်ဆိုတာ ရယူခြင်းမဟုတ်သလို ပေးဆပ်ခြင်းလည်း မဟုတ်ဘူး
ကိုယ့်နှလုံးသားက ချစ်နေရင် ရပြီလို့ပဲ ခံယူထားတယ် ကိုလေး”Le Le က အသံဝဲဝဲလေးဖြင့်ဆက်ပြောသည်
“သူက ကိုယ့်ကို အချစ်နိုင်ပေမယ့် သူအရမ်းချစ်ရတဲ့သူကြောင့် သူအရမ်းပျော်ရွှင်နေရပြီလေ ပြီးတော့ နောက်တစ်ယောက်ကလည်း သူ့ကို အရမ်းချစ်ပေးနိုင်တယ်ဆိုရင်တော့ ကိုယ်ကနောက်ဆုတ်ပေးလိုက်တာ အကောင်းဆုံးပဲ ကိုယ်က သူ့ကိုအတင်းအကျပ်လုပ်မယ်ဆိုရင် သူ့ရဲ့အပြုံးတွေမြင်ရတော့မှာမဟုတ်သလို ကိုယ့်ကိုမုန်းကောင်းမုန်းသွားနိုင်တယ် Le Leသာဆို ကိုယ်ချစ်ရတဲ့သူပျော် ရွှင်နေတာပဲ မြင်ချင်တယ် ”
YOU ARE READING
ဦးမှမချစ်ရင်ဟယ်ချန်းနီလေးရူးပြီ🤗(Complete)
Fanfiction"အချစ်ဆိုတာ ကိုဖွင့်ဆိုရရင် အဓိပါယ် က ဉီးဆီမှာ " (Lee Haechan) "ကလေးနဲ့ တွေ့မှ အချစ်ဆိုတာကို သိလာရတယ် " (Moon Taeil)