💚Ep 9💚

116 15 8
                                    

Taeil ကားကို အိမ်ကြီး၏ဆင်ဝင်အောင်တွင် ထိုးရပ်လိုက်သည်...
ကားရပ်လိုက်‌ေသာ‌ေကြာင့် အိမ်အဝင်ဝတွင် ရပ်စောင့်နေသောလူတစ်စုမှ လူနှစ်ယောက်က ကားတံခါးလာ ဖွင့်ပေးလေသည်...

"သခင်လေး အရင်တုန်းက အတိုင်းပါပဲလား"

တံခါးလာဖွင့်ပေးသော လူနှစ်ယောက်မှ အသက်၆၀ခန့်လူကြီးက စကားဆိုလိုက်သည်

"ဟုပဗျာ....ဦးလေးချင်ရောပဲ အရင်တုန်းကအတိုင်း ကျန်းမာသန်စွမ်းနေတုန်းပဲ"

"ဟုတ်တယ်သခင်လေးရေ ကျုပ်က အလုပ်လုပ်နေရမှကို နေကောင်းနေတာဗျ"

ဦးလေးချင်က ပြောရင်းဆိုရင်းရယ်သည်

ဦးလေးချင်မှာ Taeil ငယ်ငယ်ကတည်းက ဤခြံတွင်အလုပ်လုပ်နေသောတရုတ်လူမျိုး ဖေ့ဖေ့လူယုံပင်ဖြစ်သည်
ယခုဆိုTaeil တစ်သက်ပင်ရှိပြီ ဦးလေးချင်မှာ ဤအိမ်ကြီးတွင်အလုပ်လုပ်နေတုန်း

"သခင်လေး အလုပ်သမားတွေက အရင်ကသူတွေရော လူသစ်တွေပါရှိပါတယ်"

ဦးလေးချင်က သူတို့အားလုံးကိုဦးဆောင်ခေါ်၍ တစ်ယောက်ချင်းစီစမိတ်ဆက်ပေးလေသည်
တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်လာရာ နောက်ဆုံးမှာရပ်နေသော ကလေးတစ်ယောက်ကိုတွေ့လေသည် ထိုကလေးမှာ သူ့တူ Jisung နှင့်အတူတူ ဒါမှမဟုတ် ငယ့်မည့်ပုံပေါ်လေသည်

"ဦးလေးချင် ဒီကလေးက ....."

"ဒီကလေးက ကျုပ်မြေးလေးပါ သခင်လေး
Chenle လို့ခေါ်ပါတယ် သခင်မကြီးဆုံးတာ မကြာသေးခင်မှာပဲ တရုတ်မှာရှိတဲ့ ကျုပ်သားက ငွေအလွဲသုံးစားမှုကြောင့် ထောင်ကျခဲ့တယ် ကျုပ်ချွေးမလည်း အဲ့စိတ်နဲ့ပဲဆုံးသွားတယ် မကြာခင်မှာပဲကျုပ်သားလည်း ထောင်ထဲမှာပဲ သူ့မွေးရာပါရောဂါနဲ့ ဆုံးသွားခဲ့ပြီး Le Le ကို လူမမယ်အရွယ်ကတည်းက ဒီခေါ်ပြီး‌ေကျွး‌ေမွးစောင့်ရှောက်ခဲ့တာပဲ"

Taeil အပါအဝင် Jisungတိူ့အားလုံး Chenle ဆိုသောကောင်လေးကို ဂရုဏာသက်စွာ ကြည့်နေကြသည်

ထိုကောင်လေးကတော့ သူတို့အားလုံးကို အချိုသာဆုံးအပြုံးတွေကို ပြုံးပြရင်း

" annyeonghaseyo Zhong Chenleလို့ခေါ်ပါတယ် "

"သခင်လေးတို့လည်း ခဏနားလိုက်ကြပါဦး Le Le သခင်လေးတို့ကို အခန်းထဲ လိုက်ပို့ပေးလိုက်ဦး "

ဦးမှမချစ်ရင်ဟယ်ချန်းနီလေးရူးပြီ🤗(Complete)Donde viven las historias. Descúbrelo ahora