💚Ep 4💚

118 20 3
                                    

Haechan.. Jisungအိမ်က ပြန်လာတော့ မိုးအတော်ချုပ်နေပြီ

'အူ ဝူ........ဝူး.....အဝူး....'

ခွေးတစ်ကောင်၏ဆွဲဆွဲငင်ငင်အူသံကြောင့် Haechan ပခုံးလေးတုန်သွားရသည်

"ဒီခွေးတွေကလည်း အူလိုက်တာ နား... နား ကို ငြီးတယ်"

Haechen အကြောက်ပြေပြောလိုက်သည်

"ဟင် အရှေ့က လမ်းမီးတိုင်နားမှာ လူပုံစံ မည်းမည်းကြီး သရဲလား ဒါမှမဟုတ် လူ လူများလား "

ထိုအရိပ်ကလည်း Haechanဘက်ကြည့်နေသယောင်ထင်ရသည်
Haechan ဆက်မသွားရဲတော့
ခြေတောက်များတုန်လာပြီ သူအရမ်းကြောက်သည်..သို့သော် အိမ်ပြန်မည်ဆိုလျှင် ဤလမ်းမှ ပြန်ရမည်မဟုတ်ပါလော...

"Haechan တဲ့ကွ Lee Haechan တဲ့ ဘာကိုမှမကြောက်ဘူး "

Haechanဟန်ဖို့ကာပြောရင်းဘောင်းဘီကိုဒူးနားရောက်အောင်လိပ်တင်လိုက်သည်
Haechanပြေးရန်အသင့်ပြင်လိုက်သည်

"Ok.....1....2.....3... momရေ..."

Haechan Momကို တိုင်တည်ရင်း ပြေးလေပြီ
သို့သော် .....ထိုလမ်းမီးတိုင်နားမရောက်ခင်မှာ အပြေးကြမ်းတော့ ချော်လဲလေပြီ

"အ့ နာလိုက်တာ ကျွတ် ကျွတ် ဟင်
ဟို မည်းမည်းကြီး ငါ့ဘက်ကိုလာနေပါလား"

Hachanအမြန်ထရန်ပြင်လိုက်သော်လည်းချော်လဲထားတဲ့အရှိန်ကြောင့် ထ၍မရ

"အီး ဟီး လာနေပြီ အဟင့်"

Haechanမျက်လုံးများမှိတ်ထားက ဘုရားစာသာရွတ်နေတော့သည်
ထိုစဉ် အေးစက်သောလက်တစ်စုံက
Haechanပခုံးပေါ်လာထိတွေ့သည့်ခံစားချက်ရသည်နှင့် တပြိုင်နက်

"အမေလေး Daddyကယ်ပါMomကယ်ပါ
အီး ဟီး"

"ကလေးအဆင်ပြေလား ဘယ်နားနာသွားသေး‌လဲ"

အမ် စကားလာပြောနေတယ်ဟ လူများလား
မျက်လုံးဖွင့်ကြည့်ဉီးမှ....

"ဟင် ဉီး....ဉီးTaeil အစစ်လားဟင်"

"ရော ကလေးကတော့လုပ်ပြီ ဉီးနဲ့တူတဲ့သူ ဘယ်နှစ်ယောက်တောင်မြင်ဖူးလို့လဲ"

Haechanခုမှကြောက်စိတ်‌ေပြသွားသည်

"ကလေးကညနေကဒဏ်ရာတောင်မပျောက်သေးဘဲဘာလို့အပြင်ထွက်လာတာလဲ"

ဦးမှမချစ်ရင်ဟယ်ချန်းနီလေးရူးပြီ🤗(Complete)Donde viven las historias. Descúbrelo ahora