Jisungနဲ့ Haechan ခရီးထွက်ပြီးပြန်လာတည်းက မတွေ့ဖြစ်တော့.....
ပုံမှန်ဆို ကျောင်းသွားခါနီးတိုင်း လာခေါ်နေကျ Jisung က စာမေးပွဲကြောင့် စာတွေနဲ့အလုပ်ရှုပ်နေသည်ဟူသော အကြောင်းပြချက်တစ်ခုဖြင့် ရှောင်နေသည်
ကျောင်းမှာလည်း စကားမပြောဖြစ်ကြ ...
Haechan နားလည်ပါသည် သူတောင် ဦးက သူ့ကို ခဏလေးဂရုမစိုက်နိုင်ရင်တောင် အရမ်းခံစားရတာ .....Haechan လည်းခုတစ်လော စာတွေဖိလုပ်ရပြီ တစ်ခါတစ်လေ စာလုပ်နေရင်း စာကြည့်စားပွဲမှာတင်အိပ်ပျော်သွားတတ်သည်
*တီ တီ*
ရုတ်တရက်ဝင်လာသောMessage ringtone သံကြောင့် စာရေးနေသည့် Haechan ကိုယ်လေး လန့်ပြီးတုန်သွားရသည်
Haechan သိပါသည် ဦးဆီမှ message ဆိုတာကို...‘ကလေး ပင်ပန်းနေပြီလား fightingနော် အရမ်းချစ်တယ် အစားလဲပုံမှန်စားဦး’
‘ဟုတ် .... Haechannieလည်း ဦးကိုအရမ်းချစ်တယ်’
‘အပြင်ခဏလောက်ထွက်ခဲ့ ဦး ကလေးတို့ အိမ်ရှေ့မှာ’
ဟင် ....ဦးက အိမ်ရှေ့မှာလား
Haechan ပြင်တင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တော့ Haechanတို့ အိမ်ရှေ့က လမ်းမှာ ရပ်နေသောဦး
ဦးရယ် ဒီလောက်အေးနေတာကို
Haechanစိတ်ပူစွာဖြင့် အောက်ထပ်ကို ဆင်းလာခဲ့သည်“ဘယ်သွားမလို့လဲ Huck လေး ”
“သား အိမ်ရှေ့နားလေး လေညင်းခံထွက်မို့ ခေါင်းလေးနည်းနည်းငြီးနေလို့ ”
“ညဘက်အပြင်မှာအေးတယ် အကြာကြီးမနေနဲ့ mom Huck လေးတွက် ဖျော်ရည်ဖျော်ထားလိုက်မယ် ”
Haechan အိပ်ပြင်သို့ထွက်ခဲ့သည်
Daddyကတော့ Haechan ကို ဘာမှမပြော
မပြောဆို Haechan စာဖိလုပ်တာ အားလုံးအသိပဲလေ....“ဦး ဘာလို့ လာတာလဲ ဒီလောက်အေးနေတာကို တော်ကြာဦး”
ဦးက သူ၏လက်ညိုးေလးနှင့် Haechan၏ ပြောနေသော ပါးစပ်လေးကိုပိတ်လိုက်သည်
ထို့နောက် Haechan ၏မေးစေ့လေးကိုကိုင်ကာ နှုတ်ခမ်းစူစူလေးကို သူ၏နှုတ်ခမ်းလေးနှင့် ထိကပ်ပစ်လိုက်သည်
အတန်ကြာသွားသည်ထင်သည်
ကလေးက အသက်ရှူမဝ၍သူ့ရင်ဘက်ကိုတွန်းနေလေသည်
YOU ARE READING
ဦးမှမချစ်ရင်ဟယ်ချန်းနီလေးရူးပြီ🤗(Complete)
Fanfiction"အချစ်ဆိုတာ ကိုဖွင့်ဆိုရရင် အဓိပါယ် က ဉီးဆီမှာ " (Lee Haechan) "ကလေးနဲ့ တွေ့မှ အချစ်ဆိုတာကို သိလာရတယ် " (Moon Taeil)