💚 Ep 10💚

118 13 5
                                    

“တောင်းပန်ရုံနဲ့  ပြီးရောလား ကလေး”

“ဗျာ”

ဦးက Haechan လက်ကလေးကိုဆွဲလိုက်တော့ ကိုယ်လုံးလေးပါအလိုက်သင့်ပါလာသည်
Haechan ၏ခေါင်းလေးမှာ ဦးရင်ခွင်ထဲရောက်ရန်သိပ်မလိုတော့

ဘာတုန်း ....ဒီလိုအခြေအနေကြီးက ရုပ်ရှင်တွေထဲမှာဆို မင်းသားက မင်းသမီးကိုနမ်းတော့မဲ့ အချိန်နဲ့တစ်ပုံစံထဲပဲ ....
အမလေး ...ရင်တွေတောင်ခုန်တယ်
Haechan ကိုယ့်အတွေးနဲ့ကိုယ် တွေးကြည့်မိရင်း ကြည်နူးမိသည်
ဦးက မျက်နှာကိုHaechan မျက်နှာနားတိုးလာသည်မို့မျက်လုံးကို စုံမှိတ်ထားသည်

ခဏကြာသွားသည့်တိုင် တစ်ခုမျှမထူးခြားလာသည်မို့ Haechan မျက်လုံးကိုအသာယာဖွင့်ကြည့်မိသည်

“ဟင် ”

အမလေး Lee Haechan တက်တက်စင်အောင် လွဲပါရောလား

ဦးက ရှုပ်ရှင်တွေထဲကလို ဟို ဟို နမ်းမှာမဟုတ်ပဲ Haechan ၏လက်တစ်ဖက်မှာကိုင်ထားသည့် စတော်ဘယ်ရီသီးခြင်းထဲက စတော်ဘယ်ရီးသီတွေကိုယူပြီး ဖိခြေကာ Haechan အဖြူရောင် T-Shirt လေးမှာ သုတ်နေခြင်းပင်......

“လက်စားပြန်ခြေတာလေ ကလေးရဲ့ တောင်းပန်ရုံနဲ့ရမလား”

“ဟား ဟား Lee Haechanငါ့ကိုပစ်ပေါက်ချင်ဦး”

Jaeminကပြောင်သည်
Haechanက လက်ထဲမှာကိုင်ထားသောခြင်းမှာ စတော်ဘယ်ရီသီး တစါဆုပ်ယူက ပစ်ပေါက်သည်
ထိုမှစ၍ သူ့ပစ်ပေါက် ငါ့ပစ်ပေါက်နှင့် Taeil အပါအဝင် ကလေးတစ်သိုက် စတော်ဘယ်ရီစစ်တိုက်တမ်းကစားနေကြသည်
မြေပြင်ပေါ်တွင် စတော်ဘယ်ရီသီး များ ပြန့်ကျဲလျက်.........

**********************************
‌Haechan နေ့လည်တစ်ရေးတစ်မော အိပ်ပြီးနိုးလာတော့ 3နာရီပင်ခွဲနေပြီ
Haechan လန်းဆန်းသွားအောင်မျက်နှာသစ်ပြီး အောက်ထပ်ဆင်းလာတော့ Jisungတို့ Jaeminတို့ကိုမတွေ့
အလုပ်သမားလေးတစ်ယောက်ကို မေးကြည့်တော့ မြို့ထဲလျှောက်လည်ဖို့ထွက်သွားသည်တဲ့
ကောင်းရော ငနာလေးတေ ငါမပါပဲ ထွက်သွားကြတယ်ပေါ့
ပြန်လာမှတွေ့မယ် ....

Haechan ပျင်းပျင်းနှင့်ခြံထဲလှည့်ပတ်ကြည့်နေလိုက်သည်
ခြံအနောက်ဘက်၌တောလမ်းလေးတစ်ခု
မေးကြည့်တော့ လမ်းတိုင်းဆင်းသွားရင် ပင်လယ်ရှိသည်တဲ့
အင်း ပင်လယ်ဘက် လေညင်းခံထွက်ဦးမှ
Haechan တောလမ်းလေးတိုင်း လမ်းလျှောက်ခဲ့သည်

ဦးမှမချစ်ရင်ဟယ်ချန်းနီလေးရူးပြီ🤗(Complete)Where stories live. Discover now