®Midnight Rain (Unicode)

2.8K 149 33
                                    

Unicode

**{မိုးရွာတဲ့အချိန်လေးကြမှဖတ်ကြည့်ကြမလား~}**

.
.
.

မိုးတွေကဘာကြောင့်ရွာနေရသလဲ ~~

ဒီလိုမိုးရာသီအချိန်အခါမှာ မိုးရွာတာက မထူးဆန်းပေမယ့်
ကျွန်တော် Kim Tae hyung  မကြိုက်ပါ။

အရင်တုန်းကကျွန်တော်သည် မိုးရာသီကို သဘောကျနှစ်ခြိုက်ခဲ့သော်လည်း အခုတော့....
မိုးရွာရင် ကြောက်တတ်တဲ့ ချစ်ရသူကြောင့်
အခုဆို ထိုမိုးကိုမုန်းနေခဲ့မိပြီ။ သူ.... အင်း ကျွန်တော့်ရဲ့
ချစ်ရသူ ~~~ သူ့အကြောင်း တွေးမိရုံနဲ့
လေးထောင့်ပုံစံနှုတ်ခမ်းပါးလေးက အသာကော့တက်
သွားပြန်သည်။

ချိမ်း !      ဝေါ....

ကျစ် ကြည့်ရွာနေပြန်ပြီ။

အိပ်ခန်းထဲမှာနေကာအိပ်ဖို့ ကြိုးစားနေတဲ့အချိန် အပြင်က
တစ်၀ုန်း၀ုန်း ရွာနေသောမိုးကြောင့် coat  အကျီကို
အသာဆွဲယူကာ ချစ်ရတဲ့သူဆီ ပြေးရပြန်သည်။

ချစ်ရတဲ့ ....အစ်ကို~

ကျွန်တော့်ရဲ့ချစ်သူ Jung Ho seok
အမြတ်တနိုးခေါ်မိတဲ့ အစ်ကိုဆိုသောသူ ။

သူကဒီလိုမိုးတွေ အရမ်းသည်းပြီး မိုးတွေ တစ်ချိမ်းချိမ်း
ဖြစ်နေခဲ့ရင် ကြောက်တတ်တဲ့သူ .. .
သူ့ကပဲ ကျွန်တော်မိုးကိုမုန်းတတ်လာအောင်
လုပ်နိုင်သူလေ။

အိမ်အောက်ပြေးဆင်းသွားတော့ အစ်ကိုရင်းဖြစ်သူ
Seok jin hyung  က အသာတားသည်။

"မသွားပါနဲ့တော့ Tae  ရယ် သူအဆင်ပြေမှာပါ
ဟိုနေ့ကမင်းမိုးရေထဲပြေးမိလို့ ဖျားသေးတယ်မလား "

လက်ကိုအသာဆွဲကာတားနေသော hyung  လက်ကို
ခါချမိသည်။

"ဟင့်အင်း မိုးရွာရင် သူကြောက်တတ်တယ်ဆိုတာ
သိရက်နဲ့ ဘာကြောင့်တားနေရသလဲ hyung ?
Hyung  တို့သူ့ကိုသဘောမကျတာသိပါတယ်
ကျွန်တော်တို့ ကိုထပ်ပြီးမခွဲပါနဲ့တော့လား
ကျွန်တော်သူ့ကိုတကယ်ချစ်တာပါ သူကလဲ
ကျွန်တော့်ကို စိတ်ရင်းနဲ့ပါ "

"hyung  ကမင်းတို့ကိုခွဲနေတာ မဟုတ်... "

"အဲ့တာဆို သွားပြီဗျာ အစ်ကို စောင့်နေတော့မယ် "

Vᴏᴘᴇ  Dʀᴇᴀᴍʟᴀɴᴅ☘ (𝙾𝚗𝚎 𝚂𝚑𝚘𝚝𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗)Where stories live. Discover now