💙1💙

615 22 0
                                    





* ငါတို့ တွေ့နေကျ နေရာလေးမှာ တွေ့ကြရအောင် *





ချန်းယောလ်ဆီက ရခဲ့တဲ့ ဖုန်းနံပါတ်ကလေးကို Message လေးတစ်ကြောင်း လှမ်းပို့မိတယ် ။

ဘယ်နေရာပါလို့ အမည်နာမတက်မထားတဲ့ ဒီနေရာလေးကို သူ မှတ်မိလေမလား ။

ဒါမှမဟုတ် ။

ှုဦးနှောက်ထဲမှာတောင် ကျန်နေပါဦးမလား ။

လေးပူတစ်ချက်ကို နှာဖျားကတစ်ဆင့်မှုတ်ထုတ်လိုက်ရင်းပဲ မျက်နှာတစ်ပြင်ကို လက်ဖုဝါးတွေနဲ့ ပွတ်သတ်လိုက်မိတယ် ။


သူ နိုင်ငံခြားက ပြန်ရောက်နေသည်ကိုလည်း ချန်းယောလ် ပြောကာမှ သိရပြီး ။


သူ့ ဖုန်းနံပါတ်အထိပါ ချန်းယောလ်ကို တကူးတက မေးရင်း ။


သူ့ အကြောင်းတွေပဲ အခုထိတိုင်စဉ်းစားနေမိတဲ့ ကျွန်တော်က

လွယ်လွယ်နဲ့ ထားသွားလို့ရလောက်အောင်
ဟိုအရင်ကတည်းက အပေါစားဆန်ခဲ့တာ ထင်ပါရဲ့ ။


အင်း .  . တကယ်တော့ ကျွန်တော်ဟာ ကျွန်တော့်ဘဝအစကတည်းက အပေါစားပဲလေ ။

အချစ်မခံရဖူးတဲ့ မိဘမဲ့ တစ်ကောင်ကြွက်ကို ချစ်ပေးပြီး  မိသားစုရယ်လို့ မရှိဘူးတဲ့ ကျွန်တော့်ကို မိသားစုလည်း ပေးခဲ့တာမို့ သူဟာ ကျွန်တော့် ဘဝအတွက် လမ်းပြကြယ်ဖြစ်ခဲ့တာ ။




[ " နိုင်ငံခြားကို
  ပညာတော်သင်သွားမလို့ "

  " ဘယ်က ပိုက်ဆံနဲ့လဲ ? "

  " အဲ့တာတွေအထိ hyung သိဖို့မလိုပါဘူး " ]

အရင်က စကားတွေ နားထဲပြန်ကြားယောင်မိတိုင်း အိုဆယ်ဟွန်း မည်တဲ့ အဲ့တစ်ကိုယ်ကောင်းသမားကို မုန်းပစ်ချင်တာ အရမ်းပဲ ။


အဲ့ဒါတောင် .  . ကျွန်တော့် စိတ်တွေဟာ အဲ့ဒီလိုဖြစ်နေတာတောင် ။

ကျွန်တော့်မျက်ဝန်းတွေဟာ သူ့ကို တွေ့ချင်နေတုန်းပဲ ။

ကျွန်တော့်နှလုံးသားဟာ သူ့ကို လွမ်းလျနေတုန်းပဲ ။

🄱🄻🅄🄴Where stories live. Discover now