💙4💙

152 15 2
                                    






" ဆယ်ဟွန်း ! ! "




တစ်ရွှေ့ရွေ့လှမ်းလာပြီးမှ ကျွန်တော်မှန်းသိလို့ ( မတွေ့ချင်လို့ ) ပြန်လှည့်ထွက်သွားသူအား ကျွန်တော်ဟာ အရှက်မရှိ အော်ခေါ်မိပြန်တယ် ။ သူ့ ခြေလှမ်းတွေဟာ တုန့်ခနဲ့ ။



" ဆယ်ဟွန်း "



ကျွန်တော့်နှုတ်ဖျားကနေ တစ်ဖန်ထပ်ပြီး အရှက်မရှိထွက်ကျလာတဲ့ နာမ်စား ။ နွေးထွေးနူးညံ့ပုံပေါ်တဲ့ အလျားရှည်ရှည်ကျောပြင်နေရာမှာ ခိုဝင်ပစ်ချင်စရာကောင်းတဲ့ ရင်ခွင်ကျယ်တစ်ခုဟာ ကျွန်တော့်မြင်ကွင်းထံ အစားထိုး ခစားတယ် ။



သူ့လက်ချောင်းတွေထဲမှာ ကျွတ်ကျွတ်အိတ်အမဲလေးရှိတယ် ။ သူ့နှုတ်ခမ်းပါးတွေမှာ ခပ်ဖျော့ဖျော့အပြုံးလေးနဲ့ ။


" Hyung " တဲ့ ။




အသက်ကလေး ရလာတာမို့ ဗြောင်ဘတ်ဟျွန်း တို့ တစ်မော့လောက်နဲ့မူးလေရော့သလား ။စိတ်မပါလက်မပါ ၊ အားနာလို့ ပြန်ခေါ်ပေးတဲ့ လေသံကအစ သောက်ရမ်းနားထောင်လို့ကောင်းသောပဲ ။ အင်း . . ဒါပေမယ့်လည်း သူ့အသံက ဟိုအရင်ကတည်းက နားထောင်လို့ကောင်းခဲ့တာပါပဲလေ ။



ချစ်လို့ ထင်နေတာလည်း ဟုတ်ချင်ဟုတ်မယ် ။ ပင်ကိုကကိုက နားထောင်ကောင်းတာလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့ ။ သေချာတာတော့ သူ့အသံက မူးနေမှနားထောင်ကောင်းတာမျိုးတော့ မဟုတ်ဘူး ။ မူးသွားလောက်အောင် နားထောင်ကောင်းတာ ! ။


အင်း . . ဟုတ်တယ် ။ အဲ့လိုမျိုး ။




" ငါ့ကို တမင်ရှောင်တာပေါ့လေ . . ဟုတ်လား ! "




နှုတ်ခမ်းသားဆီက အပြုံးတွေကို စွန့်မပစ်သေးပါပဲ သူဟာ အနားကိုရောက်လာတယ် ။



" အဟင်း . . အဲ့ဒီလိုမဟုတ်ပါဘူး ကျွန်တော်ဝယ်စရာ ပစ္စည်းလေးမေ့နေခဲ့လို့ပါ "



သိသာလွန်းတယ် ။ အလိမ်အညာတွေဟာ တကယ့်ကိုမှ မပီပြင်လိုက်တာ ။ ဖြတ်ခနဲ့တောင် နှုတ်ခမ်းလေးတစ်ချက်မဲ့ပြမိတဲ့ အထိပဲ ။



" ဟန်ဆောင်နေစရာမလိုပါဘူး "




မရင်းနှီးကြတဲ့ သူတွေမှ မဟုတ်တာ ။ ၁ ကစလ်ို့ ၁၀ အထိ အကုန်သိကြတဲ့ သူတွေပဲဟာ ။




🄱🄻🅄🄴Where stories live. Discover now