" BLUE "
နှုတ်ဖျားကနေ ဖွဖွလေး ရေရွတ်မိတဲ့အသံ ။ ရေးရေးလေး ကွေးညွှတ်မိတဲ့ နှုတ်ခမ်းပါး ။မော့ကြည့်မိတဲ့ ဆိုင်းဘုတ်ငယ်ဟာ ထည်ထည်ဝါဝါ ။ မီးပုံးလေးတွေနဲ့ အလှဆင်ထားတဲ့ ဆိုင်ခန်းလေးက ဘယ်လောက်များ လှပနေပါလိမ့် ။
ကျွန်တော့် အိမ်မက် ။
ကျွန်တော့် အနာဂတ် ။
ကျွန်တော့် ပျော်ရွှင်မှု ။
ဒီဆိုင်လေးပြီးသွားလို့ ကျွန်တော့် စီးပွားရေးလေး အတည်တကျဖြစ်သွားရင်တော့ ကျွန်တော် Hyung ရှေ့ကို တည့်တည့်မက်မက်လျှောက်သွားနိုင်လောက်ပါရဲ့ ။
အဲ့ဒီအခါမျိုးမှာ အစ်ကိုဟာ ကျွန်တော့်ကို စောင့်ကြိုနေပါ့မလား ။အကြောင်းပြချက်မရှိ ။ဖြေရှင်းချက်မရှိ ။ ဘာကိုမှ ရေရေရာရာမရှိပါပဲ ထားပစ်ခဲ့တဲ့ လူတစ်ယောက်အတွက် အစ်ကိုနှလုံးသားဟာ လစ်လပ်နေသေးရဲ့လား ။ ကျွန်တော်ဆိုတဲ့ ဖြစ်တည်မှုသေးသေးလေး ဝင်ရောက်ပုန်းအောင်းဖို့ နေရာလေး တစ်နေရာလောက်ပေါ့ ။
သက်ပြင်းရှည်ရှည်တစ်ချက်ကို ရှိုက်ထုတ်လိုက်တော့ ကျွန်တော့်နှလုံးသားတွေမောပန်းသွားတယ် ။ တစ်ခေါက်ထပ်ပြီး ကျွန်တော်ဟာ မဆုံးနိုင်တဲ့ ခပ်ညံ့ညံ့အတွေးတွေထဲ မမောမပန်း ပြေးလွှားရပြန်ပြီ ။
အမှတ်တရဆိုတဲ့ မချိုမချဉ်အချိန်စက်ဝန်းငယ်ဟာ သတိတရပြန်ရောက်သွားတိုင်း ကြည်နူးရလိုက် ၊ နာကျင်ရလိုက် ။ Hyung ဟာ နစ်နာသူပါ ။ ဒါပေမယ့် အရာအားလုံး ဆုံးရှုံးခဲ့ရတာကတော့ ကျွန်တော်ပါ ။
အဝေးကနေလှမ်းမြင်ရတဲ့ Hyung မျက်ရည်စီးကြောင်းကို လက်ချောင်းတွေနဲ့ တယုတယဖယ်ကျဉ်မပေးနိုင်ချိန်မှာ လက်ကောက်ဝတ်ပေါ်က သတ္ထုတစ်စုံရဲ့ ချုပ်နှောင်ခြင်းတွေကြား ကျွန်တော်ဟာ ကျွန်တော့် ပါးပြင်ကို လက်ခုံတွေနဲ့ ပွတ်သပ်နေရတယ်ဆိုတာ ။
ပြောမပြဖြစ်တော့မယ့် အကြောင်းအရာတွေ ။ ဖွင့်မဟဖြစ်တော့မယ် အကြောင်းအရာတွေ ။ ထားဝရသိမ်းဆည်းသွားမယ့် အကြောင်းအရာတွေ ။
YOU ARE READING
🄱🄻🅄🄴