💙7💙

121 15 6
                                    



" မဖြစ်ဘူး ဒီကိစ္စကို အမြန်ဖြေရှင်းရမယ် "



ခမ်းနားထည်၀ါလွန်းသည့် အရောင်တလတ်လတ်ဧည့်ခန်းအတွင်း လိုက်ဖက်မညီစွာ ကျွန်တော်ထိုင်နေမိရခြင်းက ကျောင်းအပြန်တွင် အစ်ကိုချန်းယောလ်ကားနှင့် အတူလိုက်ပါမိရာက အစပြုတယ် ။



အစ်ကိုချန်းယောလ်ဟာ Hyung သူငယ်ချင်း ။ ထိုကြောင့် ကျွန်တော်နှင့်လည်း အတော်ပင်ရင်းနှီးသူ ။ လမ်းသူရဲအုပ်စုတစ်ဖွဲ့က ကားအရှေ့ကာရပ်လို့ ရန်စသည်အထိ ပြသာနာဟာ ထိုလူတို့အမှားဖြစ်ခဲ့ပြီး ဖြေရှင်းပုံ ခတ်ထန်သွားရာမှ ပြသာနာဟာ ကျွန်တော်တို့အမှားဖြစ်လာ၏ ။



ဆိုးလ်လမ်းမထက်များတွင် နယ်လှည့်သွားလာနေသော လူဆိုးဂိုဏ်းတစ်ခုမှ ဂိုဏ်းသားများဆိုလား ။ ခနတိုင်းပြသာနာပေါင်းစုံနှင့် ဥပဒေကိုလာရောက်ငြိတွယ်တက်လွန်းကြသည့် လူရန်းကားတို့၏ ပစ်မှတ်ဟာ ရဲမှုး၏သား အစ်ကိုချန်းယောလ်ဖြစ်လာလေတယ် ။





" ဟေ့ကောင် ထွက်ခဲ့ ထွက်ခဲ့ "


" ဆင်းလာပါဦး  စကားလေးဘာလေးပြောကြမယ်လေကွာ "

အမြဲလို ပြုံးရယ်နေတက်သည့် အစ်ကိုချန်းယောလ်မျက်နှာဟာ တင်းခနဲ့ ။


" ဒီကောင်တွေကွာ ရှောင်နေလည်း ဒုက္ခပေးလွန်းတယ် "



အတော်အတန်အနောက်ကို ဆုတ်လိုက်ပြီး ကားကိုအရှိန်တင်လို့ လူအုပ်အတွင်း တည့်တည့်တိုး၀င်သည့်အခါ ။ စုစုရုံးရုံးလုပ်နေကြသည့် လူအုပ်က ဟိုတစ်ကွဲဒီတစ်ကွဲ ကားကိုရှောင်ကြရလေတယ် ။


ဒါပေမယ့် ကံမကောင်းမှုဟာ ကျွန်တော်တို့ဆီကို လာရောက်ခိုလှုံနေသည်ထင်ပါရဲ့ ။ အုပ်စုထဲက လူတစ်ယောက်ဟာတော့ အစ်ကိုချန်းယောလ်ကားလက်ချက်နဲ့ပဲ သွေးအလိမ်းလိမ်းကျလို့ သေဆုံးသွားလေတယ် ။

ကျွန်တော့်ရဲ့ အိမ်ပြန်ချိန်တွေလည်း နောက်ကျခဲ့သည်ပေါ့ ။







" စိတ်မပူနဲ့ သား  အဖေလူတစ်ယောက်ရှာထားလိုက်မယ် လိုချင်သလောက်ပိုက်ဆံကို ပုံအောပေးလိုက်မယ်ဆိုရင် ဒီခေတ်မှာ တရာခံအတုဆိုတာ အလွယ်ဆုံးပဲ သား "


🄱🄻🅄🄴Where stories live. Discover now