💙2💙

269 20 11
                                    


" ဟေ့ မင်းက ဘာအရောင်လဲ "


" မသိဘူး ကြိုက်ရာကွာ ငါတော့ အိပ်ရင်းစောင့်မယ် "


အဲ့နေ့က ကျွန်တော့်ဘဝရဲ့ အဓိပ္ပာယ်အရှိဆုံးနဲ့ အဓိပ္ပာယ်မရှိဆုံးနေ့ ။



ဆိုင်အကောင်းစားမှာ သွားထိုင်ဖို့ ပိုက်ဆံလေးနှစ်ပဲခြောက်ပြားသာရှိတဲ့အဖွဲ့မို့ လမ်းဘေးကုန်စုံဆိုင်မှာသာ စိတ်ကြိုက်အရောင်ရွေးဝယ်ရင်း စုနေကျ ဂိုထောင်အဟောင်းကြီးဆီမှာ တစ်ယောက်ခေါင်းပေါ် တစ်ယောက် ကြိုးကြိုးစားစား အရောင်တင်ဖြစ်ကြတယ် ။



လဲကျမတက်ယိုင်ရွဲ့နေတဲ့ သစ်သားကုလားထိုင်ကြီးပေါ် ကျောဆန့်ထိုင်ချရင်း မျက်လုံးတွေမှိတ်လိုက်တဲ့အခါ ခေါင်းပေါ်က စိုစွတ်စွတ်အထိအတွေ့ကိုလည်းရတယ် ။



ကျွန်တော် ဒီကောင်တွေနဲ့ သိပ်မဆုံဖြစ်ဘူး ။



ကျွန်တော်က ဆေးကျောင်းသားတစ်ယောက်ဖြစ်လာတာမို့ အထက်တန်းတုန်းကလို ဒီကောင်တွေနဲ့ အချိန်ဖြုန်းချင်တိုင်း ဖြုန်းနေခွင့်မရတော့တာက ဝမ်းနည်းစရာ ။




အဆုံးအစ မရှိဆိုးပေနေတက်တဲ့ ကျွန်တော်က ဘယ်သူဘယ်ဝါမှန်းမသိတဲ့ မိဘတွေဆီကနေ ဥာဏ်ကောင်းမှုကိုလည်း အမွေရခဲ့ပုံပါပဲ ။



နည်းနည်းကလေး အားထုတ်လိုက်တာနဲ့ ကျွန်တော်ဝါသနာပါခဲ့တဲ့ ဆရာဝန်အလုပ်က ကျွန်တော့်အတွက်ဖြစ်လာခဲ့တယ် ။





" ဟေ့ကောင် ! ! သိုးနေအောင် အိပ်မနေနဲ့ ထကြည့်ဦး ! "





အိပ်ရေးပျက်ရတဲ့ ညတွေက များလွန်းတာမို့ ရတဲ့အချိန်ကလေးမှာ အကျိုးရှိရှိအသုံးချရသည်ကို ဤဂျလေဘီများ သိပုံမပေါ် ။



မိဘမဲ့ကျောင်းမှ ဖာသာက ဘယ်လိုပင်ထောက်ပံ့ပေးတယ်ဆိုသော်ငြား ကိုယ်တိုင်လည်း အချိန်ပိုင်းအလုပ်တစ်ချို့နဲ့ ကျောင်းစရိတ်ရှာရသေးသည်မို့ ပင်ပန်းမှုက အဆမတန် ။




ပုခုံးစွန်းဆီကနေ မညှာမတာ ကိုင်လှုပ်နေခံနေရတာမို့ အလွန်ပင်အိပ်ချင်သေးသော်ငြား မျက်ဝန်းတစ်စုံက ဆက်လက်လို့ ပိတ်ထားခြင်းငှာ မစွမ်းသာ ။




🄱🄻🅄🄴Where stories live. Discover now