💙FINAL💙

244 21 16
                                    


လူလူသူသူတို့ ပုံမှန်လှုပ်ရှားသွားလာနေသော လမ်းမထက် ကျွန်တော်သည်ကတော့ မတူထူးခြားစွာ အမောအပန်းပြေးလွှားနေမိသည် ။ တစ်ချို့လူတွေကို ရှောင်ဖယ်ရင်း ၊ တစ်ချို့လမ်းမတွေကို ဖြတ်ကူးရင်း ၊ တစ်ချို့ပုခုံးတွေကို ၀င်တိုးတိုက်ရင်း ။

ကျွန်တော့် ရင်ဘက်တွေက မငြိမ်မသတ် ။ ကျွန်တော့်အသက်ရှုသံတွေဟာ ပင်ပန်းစွာ လွှတ်ထုတ်နေရတယ် ။ ကျွန်တော့် မျက်၀န်းများကိုတော့ ကြည်လဲ့သော အရည်တစ်ချို့က ​ေ၀၀ါးစေလို့ ။

​လမ်းမထက်၌ အထိန်းအကွပ်မဲ့ပြေးလွှားနေမိသော ခြေလှမ်းများကိုတော့ မရပ်တန့်မိ ။

ကျွန်တော် အသည်းဟတ်တက်ကွဲစွာ သုံးဖြုန်းပစ်ခဲ့သည့် ပိုက်ဆံများက သူ့၏ ဖြစ်တည်မှုကို ရောင်းချခဲ့ရသည့် အခကြေးငွေ ။ လူမိုက်ကောင် ကျွန်တော့်ကို အဘယ့်ကြောင့်များ ချန်းယောလ် ပြစ်ပြစ်ခါခါနိုင်ခဲ့ရသလဲ ကျွန်တော် နားလည်ခဲ့ပြီ ။

ကျွန်တော် မှားခဲ့သည် ။

သို့သော် သူသည်က သူ၏ ပေးဆပ်ရခြင်းအပေါ ်ဂုဏ်ယူစွာဖြင့် မှန်ကန်သည် ထင်လိမ့်မည် ။ တကယ်ဆို သူမှန်ခဲ့ပါသလား ။ ကျွန်တော် သူ့ထက်များ ဘယ်အရာကို ပိုမက်မောပြခဲ့မိလို့လဲ ။

သူဟာ ရင်နာစရာကောင်းလောက်​ေအာင် အသိဉာဏ်မဲ့ပြီး နှလုံးသွေးရပ်လောက်ေအာင် တုံးအလွန်းတယ် ။ ကျွန်တော်လိုချင်တာတွေကို မဟုတ်ပဲ သူပေးချင်ရာတွေကိုပဲ ကျွန်တော့်ဘ၀ဆီ အမိှုက်သရိုက်ဆန်ဆန် ပုံအပ်ခဲ့တဲ့သူ ။

သူ့ကို ကျွန်တော် သနားတယ် ။ သူ့ ရွေးချယ်မှုကို မုန်းတယ် ။ ကျွန်တော့်ကို ကျွန်တော်တော့ ရှက်ရွံ ့စွာ  ရွံရှာလာသလိုပဲ ။

မျက်စိရေှ့မှာ ပေါ်လာတဲ့ သူ့ဆိုင်ခန်းဟာ အနည်းငယ် ကျဥ်းမြောင်းပေမယ့် လှပစွာ ခင်းကျင်းထားတယ် ။ ဆိုင်တံခါးကို ဝုန်းခနဲ့တွန်းဖွင့်တော့ စားပွဲတစ်ခုမှာ ထိုင်နေခဲ့တဲ့ သူက အံ့ဩခြင်းအပြည့်ဖြင့် မက်တပ်ရပ်ကြည့်လာတယ် ။






" အို ဆယ် ဟွန်း ! ! "

သူဟာ ကျွန်တော့်ကို အရာရာမှာ အရှုံးသမားဖြစ်​ေအာင် ဖန်တီးခဲ့တယ် ။

🄱🄻🅄🄴Where stories live. Discover now