💙3💙

205 21 4
                                    




" ဒုန်း ! ! "

" ဂွမ်း  ! ! "



" Yarr !! ဗြောင် ဘတ် ဟျွန်း ! ! အစ်ကိုကပဲဖြစ်ဖြစ် ဦးလေးကို တားရမှာမဟုတ်ဘူးလား "



အရောင်တွေမွဲနေပြီဖြစ်တဲ့ ခပ်ပါးပါး ခပ်စုတ်စုတ် သစ်သားတံခါးရှေ့ ခြေစုံရပ်လိုက်တဲ့အခါ ခြံဝန်းထဲက ကြားနေကျ ရန်ဖြစ်သံဟာလည်း ကျွန်တော့် နားစည်ထဲ  ပိုလို့ပြန့်လွင့်လာတယ် ။




တုန်ခိုက်နေလောက်တဲ့ ရာသီဥတုမှာ အနွေးထည်ကုတ်ရှည်ဆီက အင်္ကျီအိပ်ကပ်အတွင်း လက်နှစ်ဖက်ထိုးထည့်ရင်း ခပ်ဖွဖွကလေး ပြုံးမိသောပါပဲ ။



ကျွန်တော်မရှိတော့တဲ့ နောက်မှာ ကျွန်တော့်ကိုယ်စား Hyung နဲ့ ဦးလေးကို ညီမလေးကပဲ သွန်သင်ဆုံးမပေးနေရတယ်ထင်ပါရဲ့ ။




" အေး .  . နင်နော် အကြီးကိုအကြီးမှန်းမသိဘူး မြေမျိုမယ် "




ဇွန်းတွေ ခွက်တွေရဲ့ ရန်ကနေ ရှောင်ရှောင်တိန်းတိန်းနဲ့ ထွက်လာရတဲ့ hyung အသံ ။



hyung က အဲ့ဒီလိုမျိုးပဲ ။

အမြဲတမ်း စိတ်အလိုလိုက်တယ် ။

အခုလည်း ဘယ်ဝိုင်းမှာ ဘယ်လောက်တောင် ရှုံးသွားတာမို့  ဒီတူအရီးနှစ်ယောက် အငယ်ဆီကနေတောင် အဆိုခံနေရပါလိမ့် ။





" ဦးလေးရေ .  . ကယ်ပါဦး ! ! "



အချိန်အတော်ကြာသည်အထိ ရပ်ဆဲမယ့်ပုံမပေါ်လေတဲ့ လူရိုင်းကောင်ဆုံးမပွဲလေးကို ကျွန်တော်အပြင်ကနေ  နားထောင်ရင်း ထိုင်ရယ်နေမိတော့တာပါပဲ ။



hyung ဘဝကို ကယ်တင်ဖို့အတွက် ကျွန်တော့်ဘဝတစ်ခုလုံး အလဲအထပ်ပြုလုပ်ခဲ့ပေမယ့် hyung က ဒီလိုမျိုး ဗရုတ်သုတ်ခနိုင်စွာပဲ ရှင်သန်ခဲ့သတဲ့ ။




အပြစ်တင်ချင်တာတောင် တစ်ဖက်ကနေလည်း အပြစ်မတင်ရက်ပြန်ဘူး ။ ဘာကြောင့်ဆို hyung က ကျွန်တော့်အပေါ်အပြစ်တင်စိတ်တွေနဲ့သာ မှားယွင်းတဲ့လမ်းကြောင်းပေါ်ရောက်သွားခဲ့တာမို့ ။




တကယ်တမ်း တွေးကြည့်မိရင် ကျွန်တော်ဟာသာ အရာအားလုံးအတွက် အပြစ်ရှိသူ ။




🄱🄻🅄🄴Where stories live. Discover now