💙6💙

143 14 6
                                    





သူဖန်ဆင်းတဲ့ နိဗ္ဗာန်ဘုံ ။ကျွန်တော်နေထိုင်ခွင့်ရခဲ့တဲ့ ကျွန်တော့်ဘဝရဲ့ အကောင်းမွန်ဆုံးအချိန်တွေ ။  သူကိုယ်တိုင်သည်က ကျွန်တော်ကိုးကွယ်ရာ အချစ်နတ်ဘုရား ။

အမြဲလိုဆိုးသွမ်းခဲ့တဲ့ လူငယ်လေးတစ်ယောက်အတွက် စံပြဖြစ်လွန်းတဲ့ သူ့ပုံစံတွေက မေတ္တာသက်ဝင်လောက်စရာ ။




" ကျွန်တော် ဆေးလိပ်မသောက်ဘူး Hyung ရဲ့ ဘယ်တော့မှလည်း သောက်မှာမဟုတ်ဘူး သူက ကျန်းမာရေးကို ထိခိုက်စေတယ်လေ "



 ဆေးလိပ်ငွေ့တွေကို ရှိုက်ထုတ်လိုက်ရင်း သူ့မျက်နှာရှေ့ အငွေ့တလူလူဖြစ်စေတဲ့အခါ သူ့ပုံရိပ်တွေ ဝေဝါးသွားတာမှတ်မိသေးတယ် ။ ကျွန်တော့် အိပ်မက်တွေထဲမှာတော့ သူကိုယ်တိုင်က အခိုးအငွေ့တွေဖြစ်ပြီး ပျောက်ကွယ်လို့ ။ ကျွန်တော် စီးကရက်တွေ မကြိုက်တော့ပါ ။






" ဒီမှာ မနေပါနဲ့လား Hyung ရယ် ကျွန်တော်နဲ့အတူ လိုက်နေလို့ ရပါတယ် "



ကွဲအက်နေတဲ့ ပြတင်းမှန် ၊ မိုးရေမလုံတဲ့ မျက်နှာကျက် ၊ သေးငယ်ကျဉ်းမြောင်းလှသော အခန်း ။



ကျွန်တော့် နောက်ကျောတွေကို ဖက်တွယ်လို့  ကျွန်တော့်ခန္ဓာကို သူ့ရင်ခွင်အတွင်း သိမ်းဝှက်ရင်း စိတ်မကောင်းကြီးစွာ သူဆိုတယ် ။ ကျွန်တော် တကယ်ပျော်ရွှင်ခဲ့ရပါတယ် ။




ဒါတွေဟာ အိပ်မက်လည်း မဟုတ်သလို စိတ်ကူးယဉ်မှုလည်းမဟုတ်တဲ့ ၊ ကျွန်တော် အမှန်တကယ် နေထိုင်ဖူးခဲ့တဲ့ လက်တွေ့ဘဝထဲက အတိတ်တွေမို့ ။






" မနေ့ညက နှစ်ယောက်သား ဘယ်ကိုပျောက်နေကြတာလဲ "




ထမင်းစားဝိုင်းမှာ ရုတ်တစ်ရက် သူစစ်ဆေးမေးမြန်းမှုတွေလုပ်တဲ့ အခါ ။ ကျွန်တော်နဲ့ ဦးလေးဟာ စားနေကျ ထမင်းလုပ်တွေရပ်တန့်လို့ အကြည့်ချင်း ဆုံသွားမြဲ ။




" မနေ့ညက အစ်ကိုကော ဦးလေးကော မနက် ၂ နာရီလောက်မှ ပြန်လာကြတာ ကိုကို "



ညီမလေးဟာ အမြဲတမ်း ဖော်ကောင် ။



" အင်း ကိုကိုသိတယ် ညီမလေး "



🄱🄻🅄🄴Where stories live. Discover now