Zawgyi...
"စဝ်စိုင်းခမ်..."
သူငယ်ချင်းဖြစ်သူ လေးယံက ဆေးဗန်းထဲမှ ဂွမ်းစ၊ ဆေးဗူးအချို့နဲ့ ဆေးထိုးအပ်တို့အား သန့်ရှင်းရေးလုပ်နေရင်းမှ ဆိုမိသည်..။
"ပြောလေ..."
"VIP အခန်း R-405 က ကောင်လေး ဒီနေ့ ပြန်သတိရလာပြီတဲ့..ဟိုကွာ အိပ်ယာထဲ ၄လလောက် မျောနေတဲ့ ကောင်လေးကွာ...မင်းဆေးရုံကိုခေါ်သယ်လာတဲ့ဖြူလုံးေ..........."
လေးယံရဲ့ စကားပင် မဆုံးလိုက်ပါဘဲ စဝ်စိုင်းခမ် ဂျူတီကုတ်ကလေးနဲ့ နားနေခန်း အပြင်ဘက်သို့ အပြေးထွက်သွားလေသည်...။
"စဝ်စိုင်းခမ်...အိုက်ယား..မင်းလုပ်ပြန်ပြီကွာ... စကားကိုဆို ဘယ်တော့မှ ပြီးအောင်နားမထောင်ဘူး.."
လေးယံ က တင်းသလိုလိုတော့ရှိသည်။
စဝ်စိုင်းခမ် R-405 ရဲ့ အခန်းရှေ့ရောက်တော့ ခြေလှမ်းတွေအနည်းငယ်တုန့်သွားလေသည်..။
ရုတ်တရက်...
အခန်းထဲက အော်ငိုသံတစ်ခုအား ကြားလိုက်ရသည်ကြောင့် မှန်ရောထားသော အလူမီနီယံ တခါးဘောင်မှ စဝ်ဝပ်နောင် ချောင်းကြည့်မိသည်....။"မာမီရယ်... သားလေ..သားရင်ထဲမကောင်းဘူး... အတိတ်မှာ တစ်ခုခုကျန်နေခဲ့သလိုဘဲ...."
"သားရယ် စိတ်လျော့ပါ.. မာမီတို့အကောင်းဆုံး ကျော်လွှားနိုင်မှာပါ.."
ထိုမြင်ကွင်းအား တံခါးပြင်ပမှ ရပ်ကြည့်နေသူအဖို့ အနည်းငယ်တော့ ရင်ထဲ ခပ်လှုပ်လှုပ်ဖြစ်မိပါသည်..။
ဘာရယ်ကြောင့်မှန်းတော့ စဝ်စိုင်းခမ်မသိပေ....။"ဒေါက်တာလေး..ဘာအလိုရှိလို့လဲခင်ဗျ..."
သူ့အနောက်မှ ထွက်ပေါ်လာသော အသံပိုင်ရှင် အသက်ခပ်လက်လက် လူကြီးက စဝ်စိုင်းခမ်အား မေးလိုက်တော့ စဝ်စိုင်းခမ်ခေါင်းခါမိသည်..။
"လူနာအခြေအနေကို လမ်းကြုံလာကြည့်တာပါ... အခု မြင်မိတော့မှ စိတ်ချရတဲ့ အနေအထားပါ အန်ကယ်..."
"ဪ..ဪ..ဟုတ်ကဲ့ပါ ဒေါက်တာလေး ဒါဆို အန်ကယ် ဝင်နှင့်အုံးမယ်ကွဲ့..."
ထိုလူကြီးသည် ကလေးငယ်ရဲ့ အဖေ ဖြစ်ကောင်းဖြစ်နိုင်ပါသည်...။ နောက်တော့ စဝ်စိုင်းခမ် အခန်းရှိရာသို့ပင် ရော့ရဲသော ခြေလှမ်းတို့ဖြင့် အားပျက်စွာ ပြန်၍ဝင်လာခဲ့သည်..။