Zaw...
"အ့!"
အနာပေါ် အရက်ပြန်ဖိစွပ်လိုက်သောအခါ စပ်ပြင်းသွားသော ဒဏ်ရာကြောင့် စိုင်းခမ်သူ၏ နှုတ်ခမ်းကို စုချွန်ခါ ဒဏ်ရာပေါ် လေဖြင့် တဟူးဟူးမှုတ်ပေးမိသည်..။
"ခဏလေး...ပိုးဝင်မှာစိုးလို့ပါ.."
"ရ..ရပါတယ်.. အဆင်ပြေသလိုသာလုပ်ပါ ဒေါက်တာ စဝ်စိုင်းခမ်.."
သူ့အား ဦးတည်လို့ ခေါ်နေကြမဟုတ်ဘဲ သူ့နာမည်အရင်းအား ခေါ်လာသော အကောင်ပေါက်ကြောင့် စိတ်ထဲတော့ အတော်ခုသွားရသည်.။
မျက်နှာခပ်ပျက်ပျက်နှင့်ပင် ဒဏ်ရာကို ပိုးသတ်ခါ ဆေးထည့်ရင်း ပတ်တီးစည်းပေးလိုက်သည်..။ဒဏ်ရာက အတော်လေးကြီးသည်မို့ ကောင်လေး တော်တော်လည်း နာသွားမည်ထင်သည်..၊
"ရပြီ... "
"ဟုတ် ကျေးဇူးပါဘဲ.."
စိုင်းခမ်က သွေးစတွေသုတ်ထားသော ဂွမ်းစတစ်ချို့ကို လိုက်စုခါ အမှိုက်အိပ်တစ်လုံးထဲထည့်နေသည်..။ သျှမ် သည် စိုင်းခမ်ကို တစ်ချက်သာ ငဲ့ကြည့်ရင်း သက်ပြင်းချခါ အခန်းထဲမှ ထွက်ရန်ပြင်လေသည်..။
"ဘယ်ကိုလဲ.."
သျှမ် ခြေလှမ်းတွေကို အစုံပြိုင်တူရပ်ရင်း ကိုယ်လေးအား အနည်းငယ်စောင်းရင်း ပစ္စည်းတွေသိမ်းဆည်းနေသော စိုင်းခမ်ကို လှည့်ကြည့်ရင်း စကားစသည်။
"ကျွန်တော့်အိမ် ဘယ်သွားသွားပေါ့.."
"ပြန်ထိုင်နေ...."
"ဒဏ်ရာရထားတာက လက် ခြေထောက်မဟုတ်ဘူး.. အင်း အာ့ဆိုရင် အပြန် လိုက်မပို့တော့ဘူး ကောင်းကောင်းပြန်ပါ.."
အခန်းထဲမှ ထွက်သွားသော သျှမ်သည် တကယ့်ကို တစ်ဆွတ်ထိုးလေး... လုပ်ချင်တာကို လုပ်လိုက်ရမှ.. အခုလည်းကြည့် စကားပြောမလို့ကို သူကငြင်းနေတော့လည်း စိုင်းခမ်က အိမ်ပြန်ရန်သာ ပြင်ရလေတော့သည်...
"ဒုတ်!"
ကုတင်ဘေးကစာကြည့်စားပွဲပေါ်မှာတင်ထားသော နားကျပ်ကို လှမ်းယူတော့ တံတောင်နှင့် တိုက်မိခါ ပြုတ်ကျသွားသော ပန်းချီကားချပ်က ကြမ်းခင်းပြင်ပေါ်၌ မှောက်ခုံလေး...