Zaw...
"အမ်း..ဒီနေ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးပွဲရှိတယ်တဲ့.."
"မသွားချင်ပါဘူး.. အလကား ဘာမှလည်း ဟုတ်တာမဟုတ်ဘူး..နော့် စိုးသူရ.."
"အေးလေ ခါတိုင်းလို ကန်တင်းမှာ သွားထိုင်နေမှာ.."
အတန်းဖော် ကောင်မလေးတစ်ယောက်ရဲ့ စကားကို ဘုဘုဘောက်ဘောက်နဲ့ပြန်ဖြေနေရှာသော သျှမ်တို့နှစ်ယောက်...
"ပြီးတာဘဲ.. နောက်မှနောင်တမရကြနဲ့.."
"ဟ..ဘာကို နောင်တရ ရမှာလဲ..."
"အဲ့ကောင်ကတော့...နောင်တရမယ်ဆိုတာက အဲ့ ပွဲကို စီစဉ်တာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဝန်အသင်းကဆိုတော့ တကယ့် ချောချောလေးတွေကြီးဘဲဟ ပြီးတော့ သူဠေးသားသမီးတွေဆိုတော့လေ ဟိ.."
"ဪ..ဒါဆို ဘူးထချင်လို့ သွားမှာပေါ့လေ ဟမ်.. မယ်တော်ချော.."
သျှမ်က မျက်ခုံးကလေးပင့်ခါ မေးတော့ ကောင်မလေးက ရှက်ပြုံးကြီးနဲ့ ခေါင်းညှိမ့်သည်..။
"ဖြစ်ရလေဟယ်..ညည်းတို့အစစ်မတွေ လင်ရမှာလည်းမဟုတ်ဘဲနဲ့များ..."
စိုးသူရက မိန်းမလိုမိန်းမရ ပုံစံနှင့် စနောက်ခါပြောတော့ ကောင်မလေးက အောက်နှုတ်ခမ်းကို သွားဖြင့်ဖိကိုက်လေသည်..။
"စိုးသူရ နင်လွန်သွားပြီ...နင်..."
"ဟ..ငါက စတာပါဟ...မလုပ်ပါနဲ့.."
လွယ်အိတ်ကြီးပိုက်ခါ ကော်ရစ်တာတလျောက် ပြေးထွက်သွားသော စိုးသူရနောက် ကောင်မလေးက အနောက်မှ လိုက်ရိုက်နေလေသည်..။
ထိုမြင်ကွင်းအား ကြည့်ခါ တဟက်ဟက်ရယ်နေသော သျှမ်သည် ဗိုက်ကလေးကို လက်ဖြင့်ဖိနှိပ်လို့...
တော်ပြီဟူသော အသိနဲ့အတူ ရယ်နေတာကို ရပ်ပစ်ရင်း မမဖူးဝေတို့အကတိုက်သည့်အခန်းထဲသာ ပြန်ဝင်ရန် ခန္ဓာကိုယ်ကို ပြန်လှည့်လိုက်စဉ်...
"အ! ဦးတည် ကယ်ပါ.."
ခန္ဓာကိုယ်ချင်း ပူးကပ်ခါ မျက်နှာချင်းဆိုင်အနေအထားနှင့် ကိုယ်က သူ့ရင်ဘက်ပေါ် မျက်နှာအပ်မိသလို သူကလည်း ကိုယ့်ရဲ့ ခါးအားခပ်တင်းတင်းဖတ်လျှက်ရှိသည်...။