Zaw...
နားထဲတိုးဝင်လာသော စကားပြောသံတွေက ခိုညည်းသလိုရှိ၏..။ဘယ်သူဘယ်ဝါမှန်းမသိရသည့်အတွက် ပတ်ဝန်းကျင်အား စူးစမ်းရန် လေးပင်နေသော မျက်လွှာတွေကို အားခဲခါဖွင့်မိသည်..။
"လူ..လူရှိလား... ကျွန်တော်..အခု..ဘယ်မှာလဲဟင်.."
"ဟော..နိုးပြီလား..ကိုယ့်ကိုမြင်ရလား လုံးလုံး.."
မျက်နှာတစ်ခုက ကိုယ့်ဆီအတင်းတိုးဝှေ့ဝင်ရောက်လာသောအခါ သျှမ်မျက်ခုံးတွေကို ထိလုနီးပါး ကြုတ်ပစ်လိုက်သည်။ ပြီးတော့ မေမေခေါ်နေကြ အိမ်ခေါ်နာမည်ဖြစ်နေသည့် လုံးလုံးဟူသော ထိုနာမည်...
ဘယ်သူမှ မသိသော အမည်နာမဖြစ်တာကြောင့် သျှမ် လဲလျောင်းနေရာမှ ကုံးထလိုက်သည်..။ပြီးတော့ ထိုလူ့မျက်နှာအား သေချာကြည့်ရန်ကြိုးစား ရတော့မည်..။
"အင်း... ဘယ်သူ......!..."
ပြူးဝိုင်းသွားသော မျက်လုံးတွေက ထိုသူရဲ့ ပုံရိပ်ကြောင့် ပါးစပ်တွေပင် ပွင့်ဟသွားခဲ့လေပြီ...။
"ဦးတည်.." ဆိုတဲ့ လေသံတိုးတိုးကလည်း သူနဲ့ကိုယ် နှစ်ယောက်ကြားနိုင်သည့် အနေအထားနှင့်သာဖြစ်လေသည်...။
"ဦးတည်......."
ကြောင်တောင်တောင်နိုင်ပေမဲ့ သျှမ့်မျက်စိရှေ့က အနီရောင်လူသားအား သျှမ်ဖတ်တွယ်လိုက်မိသည်။
"လွမ်းလိုက်တာ ဦးတည်ရယ်.. ထပ်မတွေ့ရတော့ဘူးထင်နေတာ.. အဲ့လိုမျိုးထားခဲ့ရလို့ တကယ် စိတ်မကောင်းပါဘူး... "
"ဟား...ဟဟ...ဟို..ဟို..လုံးလုံး ကိုယ့်ကို လွှတ်အုံး.. "
အသက်မပါသော ရယ်သံနှင့်အတူ သူ့အားလွှတ်စေရန် ဖတ်တွယ်ထားသော သျှမ့်အား သူနှင့် ဝေးကွာစေရန်တွန်းပို့လိုက်သည်..
"လုံးလုံး ကိုယ့်ကိုမှတ်မိလား.."
အပြုံးလေးနဲ့မေးနေသည့် ခွန်စဝ်ဝပ်နောင်က နားမလည်သော မျက်ဝန်းတွေနဲ့ သျှမ့်အား မေးခွန်းတွေမေးလျှက်ရှိသည်။
"မှတ်မိတာပေါ့ ဦးတည်ရယ်..မှတ်မိတာပေါ့.. ကျွန်တော်ချစ်ရသူဘဲလေ.."
ထိုစဉ်ခဏ ဆေးရုံခန်းလေးရဲ့ လေထုက တိတ်ဆိတ်သွားလေတော့သည်..။ စဝ်စိုင်းခမ်သည်လည်း ဘာပြန်ပြောရမှန်းမသိသည့် အခြေအနေတွင်..