Part-27

1.4K 101 1
                                    

Zawgyi
~~ပန်းခရေပုံပြင်~~
အပိုင်း(၂၇)

ဒါပုံပြင်တစ်ပုဒ်သပ်သပ်လား...
ဟင့်အင်း.....မဟုတ်ဘူး

နားဆင်ချင်စဖွယ်မရှိသည့်အထိ ရင်နာစရာကောင်းလွန်းသော ခရေပန်းတစ်ပွင့်ရဲ့ ဇာတ်လမ်းလေး မဟုတ်လား။

နာကျင်စရာဒဏ်ရာတွေတပုံကြီးနှင့်..။
အဆုံးသတ်ဇာတ်သိမ်းမသိရသေးခင်မှာတောင် အက်ရာတွေက တနင့်တပိုး...

တစ်ခန်းရပ်ဇာတ်သိမ်းမှာတင် အဖြူစင်ဆုံး ပန်းတစ်ပွင့်၏ဒဏ္ဍာရီကဘယ်နားမှာများ ခမ်းနားခဲ့လို့လဲ....။

ကံတရားကြောင့်ခြွေကျခဲ့ရသည့် ဒီအနွမ်းပန်းလေးကို ဘာကြောင့်များ ဒီလောက်ထိတောင် ရက်ရက်စက်စက်....

ပန်းခရေပုံပြင်တဲ့လား....

ဇာတ်သိမ်းမသိရသည့် ဇာတ်လမ်းတစ်ပုဒ်အဆုံးမှာ ဘယ်အချိန်ကတည်းက စီးကျနေမှန်းမသိသော မျက်ရည်တို့က တလိမ့်လိမ့်...

"အဲ့အချိန်ကစပြီး ပန်းခရေကို ကျုပ်ထပ်မတွေ့ခဲ့ရဘူး သူနဲ့ပြန်ဆုံခဲ့ရတာကတော့ အိပ်မက်ထဲမှာပဲ ဟုတ်တယ် အိပ်မက်ထဲမှာကျုပ်တွေ့ခဲ့တယ် သူကလွင့်မျောနေတဲ့ အဖြူရောင် အရိပ်လေးတစ်ခုနဲ့တူတယ် မြို့လေးကနေ ထွက်သွားပြီးနောက် ဘာဖြစ်ခဲ့တယ်ဆိုတာ ကျုပ်မသိခဲ့ပေမယ့် သေချာတာတစ်ခုကတော့ သူ....."

စကားမဆုံးခင်မှာပင် သူမချာခနဲ့ လှည့်ထွက်သွားတော့...

"ဆူး..."

သူလိုက်သွားရန်ပြင်လိုက်စဉ်..

"ထားလိုက်ပါ ကောင်မလေးနာကျင်ဖို့တန်ပါတယ် လွပ်လွပ်လပ်လပ်ငိုခိုင်းလိုက်ပါ.."

သူဘာပြောရမှန်းပင်မသိတော့ပါ။ ရင်ထဲတွင် သူနှင့်မသက်ဆိုင်သော ပန်းခရေဆိုသော မိန်းကလေးအတွက် စို့နင့်နာကျင်နေ၏။

သူမဆိုမည်သို့ခံစားရမည်နည်း...။ သူမရှင်သန်လာဖို့အတွက် သူမဘဝလေးအတွက် အနာကျင်ဆုံးဒုက္ခတွေ ထမ်းပိုးခဲ့သည့် အမျိုးသမီးတစ်ယောက်။

သူမ ရင်တွေဘယ်လောက်နာနေမှာပါလိမ့်..

"ဆူး အဆင်ပြေပါ့မလား.."

ပန်းခရေပုံပြင် (The Story of Star-Flower)Where stories live. Discover now