Part-8

1.7K 124 0
                                    

Zawgyi

~~ပန်းခရေပုံပြင်~~
အပိုင်း(၈)

သူမက.....ပန်းခရေတဲ့လား။

ရှည်လျားကော့ညွတ်တဲ့မျက်တောင်လေးတွေအောက်မှာ မျက်ဝန်းတို့ကလှပလွန်းနေပါလျက်နှင့် ဘာကြောင့်များညိုးငယ်နေသယောင် ရှိနေပါလိမ့်။

နှာတံစင်းစင်းလေးအောက်မှာ ဖူးငုံနေသည့်နူတ်ခမ်းဖူးဖူးတို့က အနီရောင်ပြေးနေသောဆွဲသားကြောင့်ထင်သည်။ သက်ဝင်လှပလွန်းနေပြန်၏။

ရှည်လျားသော မဟူရာရောင်ဆံနွယ်တွေကြားမှ သွယ်လျလျမျက်နှာလေးဟာ လှပသည်ဟူသော စကားထက်ပိုလွန်းနေပါလိမ့်မည်။

ခပ်ရိုးရိုး မြန်မာဝတ်စုံလေးက သူမ၏အလှအပတို့ကို ဖုံးကွယ်မထားနိုင်ခဲ့ပါလား။ ခါးတစ်ပိုင်းမျှသာရေးဆွဲထားသည့်တိုင် ပြေပြစ်သောခန္ဓာကိုယ်ကောက်ကြောင်းက အဘယ်မျှစွဲမက်ဖွယ်ကောင်းနေမည်ကို အလွယ်တကူခံစားလို့ရနေသည်။

ဒါက ဓာတ်ပုံတစ်ပုံလည်းမဟုတ်ပါ။ ဟောင်းနွမ်းနေသော ပုံတူပန်းချီကားတစ်ချပ်မျှသာ။

သို့သော်ထိုမိန်းကလေးကပဲ လှလွန်းနေ၍လား။ ပန်းချီဆရာကပဲတော်လွန်းနေလို့လား ..

ပန်းချီကားတစ်ချပ်ဟုပင် ထင်ရက်စရာမရှိအောင် ဆွဲသားတို့က ကြောက်စရာကောင်းအောင် သက်ဝင်လှပလွန်းနေသည်။ ပန်းချီကားထဲက မိန်းကလေးသည်အပြင်တွင်အဘယ်မျှလှပနေလိမ့်မည်နည်း။

သို့တိုင် ပန်းချီကားထဲတွင် မိန်းကလေး၏အလှတစ်ခုတည်း သက်ဝင်နေသည်မဟုတ်ပါ။ ကြွေလွင့်ကာမြေခနေသော ဟိုးခပ်လှမ်းလှမ်းမှ ခရေပန်းတွေ၊ ပြီးတော့ ဝမ်းနည်းစိုစွတ်နေဟန်ရှိသော မိန်းကလေး၏ မျက်ဝန်းတွေ..

ထို့ပြင် ဘာကြောင့်မှန်းမသိပါ။ ပန်းချီကားကို ငေးစိုက်ကြည့်မိရင်း ရင်ထဲတစိမ့်စိမ့်ခံစားနေရလာသည်က ဝမ်းနည်းနာကျင်မူတွေ..

ဟုတ်ပါရဲ့... ပန်းချီကားဟာ ဝမ်းနည်းခြင်းတွေ လွမ်းခြုံနေပြန်သည်။ ညိုးငယ်နေသော မျက်ဝန်းလှလှလေးကသိမ်ငယ်ခြင်းတို့က ပန်းချီကားအား ဝမ်းနည်းစေသည့် အရိပ်အယောင်သန်းသွားစေခြင်းလား။

ပန်းခရေပုံပြင် (The Story of Star-Flower)Donde viven las historias. Descúbrelo ahora