Part-24

1.3K 89 2
                                    

Zawgyi

~~ပန်းခရေပုံပြင်~~
အပိုင်း(၂၄)

"ပန်းခရေကို မောင်ခိုးပြေးလိုက်ပြီ"တဲ့

ဒီစကားလေးတစ်ခွန်းနှင့် မောင်ဟာ တရိပ်ရိပ် ပြေးလွှားနေသည့်ကားပေါ် သူမကိုတင်ဆောင်လာခဲ့၏။ ထို့နောက် အဝေးဆုံးတစ်နေရာသို့ ခေါ်လာခဲ့သည်။

ငြင်းဆန်ခွင့်မရှိ... တွန်းကန်ခွင့်မရှိ။

မောင်ဆွဲခေါ်ရာနောက်သို့ ပန်းခရေ အံ့သြတုန်လူပ်စွာပင် လိုက်လာခဲ့ပါသည်။ မောင့်ချစ်ခြင်းမေတ္တာဟာ ကြီးကျယ်ခမ်းနားလွန်းလေတော့ သူမဘာကိုမှမလွန်ဆန်ရက်အောင် အံ့သြမှက်သက်စေခဲ့သည်။

မင်းသားဆိုတဲ့ဖြစ်တည်မူကို စွန့်လွတ်ခဲ့သည်တဲ့
လူတကာအသုံးတော်ခံနေရသည့် နွမ်းခြောက်နေသည့် ပန်းတစ်ပွင့်အတွက်နှင့်...။

ကြီးကျယ်ခမ်းနားလွန်းသည့် ရွှေရောင်ဘဝကို သူမအတွက်နှင့်ကျောခိုင်းခဲ့သည့်မောင့်ကို စိတ်ထိခိုက်ရအောင် ပန်းခရေမလုပ်ရက်ပါ။ သူမအတွက် ဤမျှစွန့်လွတ်ခဲ့သည့်မောင် ဝမ်းနည်းသွားရမည့်အဖြစ်ကို ပန်းခရေမလိုလားပါ။ ထို့ကြောင့် မောင့်ချစ်ခြင်းတွေကို အားနာစွာပင် သူမလက်ခံခဲ့ရပါသည်။

ဟိုး.... အဝေးကြီးတစ်နေရာသို့ မောင်က သူမကိုခေါ်ဆောင်လာပါသည်။ ဘယ်နေရာမှန်း ပန်းခရေမသိပါ။

ပန်းခရေသိသည်က ထိုနေရာလေးက သိပ်လှပလွန်း၏။ စိမ်းစိုနေသည့်တောင်ပြာတွေအောက်ခြေမှာ တည်ရှိသည်။ ငြိမ့်ညောင်းသာယာစွာ စီးဆင်းနေသည့် စမ်းချောင်းလေးတစ်ခု...။

ပြီးတော့ လှပသောပန်းပေါင်းစုံဝန်းရံထားသည့် ချစ်စဖွယ်သစ်သားအိမ်လေးတစ်လုံး။  အို..  ဘယ်လောက်တောင်ပြီးပြည့်စုံတဲ့ နေရာလေးလဲ။

မောင်ဟာ သူမ၏စိတ်ကူးအိပ်မက်တွေကို လှလှပပဖြည့်ဆည်းပေးခဲ့ပါသည်။ သူမအနာဂတ်လေး တစ်ဖန်ပြန်မွှေးပျံ့လာအောင် ဖန်တီးပေးခဲ့သည်။ နွမ်းနေသည့်ပန်းကလေးတစ်ပွင့်ကို လှပလန်းဆန်းစွာ နောက်တစ်ကြိမ် တောက်ပလာဖို့အတွက် ပျိုးထောင်ပေးခဲ့၏။

ပန်းခရေပုံပြင် (The Story of Star-Flower)Tempat cerita menjadi hidup. Temukan sekarang