Zawgyi
~~ပန်းခရေပုံပြင်~~
အပိုင်း(၁၉)တဖြုတ်ဖြုတ်ကြွေလွင့်နေသော ခရေပန်းလေးတွေ ဖွေးဖွေးလူပ်နေသည့်မြေနီလမ်းလေး။ ပြီးတော့မြင့်မားထည်ဝါသော ခရေပင်ကြီးတစ်ပင်။
ထိုအောက်တွင်တော့ နွဲ့နှောင်းစွာတည်ရှိနေသည်က မိန်းကလေးတစ်ဦး။ ဟုတ်ပါသည်... ယိမ်းခါနေသော ဆံနွယ်ရှည်များနှင့် လှချင်တိုင်းလှနေသော မိန်းကလေး။
အရာအားလုံး၏အလှတရားတွေ သိမ်းကြုံးခြုံလွှမ်းထားသည်ဟုပင် ထင်မှတ်မှားရအောင် လှရက်လွန်းနေပါလား... ။
ထို့ပြင် ဝါဖျော့ဖျော့နေဝင်ဆည်းဆားကလည်း သူမ၏အလှတရားတို့ကို ပို၍ရုန်းကြွစေသယောင်။
ခရေပန်းလေးတွေနှင့် သူမ
သူမနှင့် ညနေဆည်းဆာ....မြင်တွေ့ရသည်မှာ ပနံသင့်လွန်းလှသဖြင့် တဒင်္ဂအတွင်း အရာရာသည်လွင့်မျောသွားသယောင်။
အို..... လှရက်လေခြင်း။
သို့သော် ထိုအလှတရားအားလုံးသည် အမှန်တကယ်တော့ ပန်းချီကားတစ်ချပ်မျှသာ။
ဟုတ်ပါသည် ... ပန်းချီပြခန်းထဲက မှောင်ရိပ်သန်းနေသည့် တောင့်တစ်နေရာတွင် မထင်မရှား ချိတ်ဆွဲထားသည့် သာမာန်ပန်းချီကားတစ်ချပ်မျှပင်။ သူသည် ထိုပန်းချီကားရှေ့တွင် မတုန်မလူပ် ရပ်နေခဲ့သည်မဟုတ်လား။
သို့တိုင် သူ့ခံစားချက်တို့သည် ထိုအရာအားလုံးသည် ပန်းချီကားဟုပင် မမြင်မိသည်ထိ နစ်ဝင်စီးမျောနေခဲ့၏။
အထူးသဖြင့် ပန်းချီကားထဲမှမိန်းကလေး။
ညှို့ဓာတ်ပြင်းလွန်းသောမျက်ဝန်းတို့က လှလွန်းနေသော်လည်း ဘာကြောင့်မှန်းမသိ ညိုးငယ်နွမ်းဖျော့နေသည်မှာ သူ့ရင်ကိုပင် ထိရှသွားစေခဲ့၏။ သိမ်ငယ်နေသော မျက်ဝန်းတို့က တစ်စုံတစ်ရာကို ဝမ်းနည်းနာကျင်နေခဲ့သည်လား။
ဟင့်အင်း...သူမသိပါ။ သေချာသည်က သူ့ရင်သည် ထိုမျက်ဝန်းတို့ကြောင့် စိုစွတ်နာကျင်သွားရ၏။ နှာတံစင်းစင်းအောက်မှာ ပွင့်အာတော့မည့်အလား နီရဲအိထွေးနေသော နူတ်ခမ်းတို့ကလည်း အို... လှလွန်းပေစွ။
ŞİMDİ OKUDUĞUN
ပန်းခရေပုံပြင် (The Story of Star-Flower)
Korkuဆောင်ကြာမြိုင်ကမိန်းကလေးနဲ့ တော်ဝင်မင်းသားတစ်ပါးရဲ့ အချစ်ဇာတ်လမ်း... ဒီလိုနဲ့ဝမ်းနည်းစရာခရေပန်းပုံပြင်တစ်ပုဒ်ဖြစ်လာခဲ့တယ် ဆောင်ကြာမြိုင်ကမိန်းကလေးနဲ့ တော်ဝင်မင်းသားတစ်ပါးရဲ့ အချစ်ဇာတ်လမ်း... ဒီလိုနဲ့ဝမ်းနည်းစရာခရေပန်းပုံပြင်တစ်ပုဒ်ဖြစ်လာခဲ့တယ်