Part-40

1.5K 94 1
                                    


Unicode
~~ပန်းခရေပုံပြင်~~
(The Story of Star-Flower)
အပိုင်း(၄ဝ)

"အား...ကျွတ်..ကျွတ်"

ဖျပ်ခနဲ့သတိရလာတော့ ကုန်းထလိုက်စဉ် လက်မောင်းမှာဆစ်ခနဲ့နာကျင်သွားမူကြောင့် ဆူးမျက်နှာလေးရှုံ့လျက် ညည်းညူလိုက်မိသည်။

ထို့နောက်သေချာပတ်တီးလေးစည်းထားသော လက်မောင်းကိုကြည့်ပြီး သူမဒဏ်ရာရခဲ့သည်ကို အမှတ်ရသွား၏။

ဘယ်သူကများသူမကိုဆေးထည့်ပေးလိုက်ပါလိမ့်

တွေးလိုက်ရင်းသူမရောက်နေသည့်ပတ်ဝန်းကျင်ကို သတိပြုမိတော့ ပိုအံ့သြသင့်သွားရသည်။ ဝါဖျော့ဖျော့မီးအိမ်အောက်မှာ ဟောင်းနွမ်းနေသော အခန်းကျဉ်းလေး။

ဟောင်းနွမ်းနေသည့်တိုင် တစ်ချိန်က ခမ်းနားထည်ဝါခဲ့မည့်သွင်ပြင်အရိပ်အယောင်တို့ကာ ထင်ဟပ်နေဆဲ....

အပြင်ဘက်ဆီမှ တပေါက်ပေါက်ကျနေသည့် မိုးရေစက်များကို အတိုင်းသာကြားနေရသကဲ့သို့ လေကလည်း ခပ်ပြင်းပြင်းတိုက်နေပါရဲ့။

တစ်ချက်တစ်ချက်လက်ခနဲ့လင်းသွားသော လျှပ်စီးတို့မှလွဲ၍ ပတ်ဝန်းကျင်တစ်ခွင်သည် မှောင်မည်းသိပ်သည်းနေတော့၏။

သို့သော်ဤဟောင်းနွမ်းနေသည့်အခန်းလေးထဲတွင် ဘာမှန်းမသိသောနွေးထွေးလုံးခြုံမူများကို သူမလိူက်လိူက်လှဲလှဲခံစားလိုက်ရ၏။

သူမ... ဘယ်ရောက်နေပါလိမ့်...

ထိုအတွေးနှင့်အတူ ဆူးသည် သူမသတိမလစ်ခင်က ဘာတွေဖြစ်ခဲ့သည်ကို ပြန်စဉ်းစားနေလိုက်မိသည်။

သူမကို မယ်တော်ကြီးဒေါ်စံထိပ်ထားတို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။ ထို့နောက် ဒေါ်စံထိပ်ထားနှင့်အချေအတင်ပြောနေစဉ်မှာပင်

"သခင်လေး မင်းသုဝတိံရောက်လာတယ်"

ဆိုသောစကားကြောင့် ဒေါ်စံထိပ်ထားတို့ ပြန်ထွက်သွားသည်။ ပြန်ထွက်သွားသည်နှင့် တစ်ပြိုင်နက်..

"ဖြန်း..."

"အ..."

နက်ခေါင်၏လက်ဝါးကသူမပါးပေါ်သို့ ဖြောင်းခနဲ့ ကျလာပြီးနောက်..

ပန်းခရေပုံပြင် (The Story of Star-Flower)Unde poveștirile trăiesc. Descoperă acum