Part-35

1.5K 100 6
                                    

Zawgyi

~~ပန်းခရေပုံပြင်~~
အပိုင်း(၃၅)

"ပန်းခရေဒီမှာရှိနေတာကို ညီမလေး အစကတည်းက သိနေခဲ့သလား.. "

ဦးမိုးညစကားကြောင့် ဒေါ်မိုးသားငယ် ခေါင်းညိတ်လိုက်၏။ မိုးညမချင့်မရဲဟန်ဖြင့်

"ဒါနဲ့များ ညီမလေးရယ်.."

"ကလေးအန္တာရယ်ကင်းဖို့အတွက် ကျွန်မဒီလို ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့ရတာပါ မမပန်းခရေနဲ့ပတ်သတ်ခဲ့ဖူးတဲ့လူအားလုံးကို မဖြစ်မနေစွန့်ခွာသွားမှဖြစ်မှာမို့ပါအစ်ကိုကြီး ကျွန်မအကုန်လုံးနဲအဆက်အသွယ်ဖြတ်ပြီး ဝေးရာမှာဇာတ်မြှပ်ပစ်နိုင်ခဲ့လို့လည်း သမီးလေးဆူးကို ဒီအရွယ်ထိ ဘေးမသီးရန်မခဘဲ သာမာန်ကလေးတစ်ယောက်လို ပြုစုပေးနိုင်ခဲ့တယ်လေ တစ်ချိန်ကျရင်တော့ သမီးလေးကိုပန်းခရေပုံပြင်အကြောင်း ပြောပြပြီး ဒီမြို့လေးကိုခေါ်လာဖို့ ရည်ရွယ်ခဲ့ပြီးသားပါ အစ်ကိုကြီးရယ်"

ပြောရင်း ဒေါ်မိုးသားငယ်သက်ပြင်းချလိုက်ကာ

"ဒါပေမဲ့ အချိန်မတန်သေးခင်မှာပဲ သမီးလေးဟာ ဒီအကြောင်းတွေသိဖို့ကံတရားက ဖန်တီးလာခဲ့တယ် ပြီးတော့ကျွန်မဘာမှ ရှင်းမပြနိုင်သေးခင်မှာပဲ ဒီပုံပြင်လေးထဲ သူ့ဘာသာသူတိုးဝင်သွားခဲ့တယ် အခုချိန် ဒီကလေးလေးဘယ်လောက်တောင်များ နာကျင်နေရှာမှာပါလိမ့်.. အတိတ်ကို ဖုံးကွယ်ထားခဲ့လို့ ကျွန်မအပေါ်လည်း စိတ်နာနေတုန်းပဲထင်တယ် အခုထိ အဆက်အသွယ်မလုပ်သေးဘူး ကျွန်မသူ့ကိုဆက်သွယ်ဖို့ အမြဲကြိုးစားခဲ့ပါတယ် ဒါပေမဲ့သူ့ဖုန်းကတော့ ပိတ်ထားတုန်းပဲ "

"သူမင်းကို စိတ်နာနေလို့မဟုတ်ပါဘူး မိုးသားငယ်ရယ် ကလေးကမင်းနဲ့ ဆက်သွယ်နေရင် မင်းစိတ်ပူပြီးလိုက်လာမယ် သူလုပ်ချင်တဲ့အရာတွေကို တားဆီးလိုက်မှာကို စိုးရိမ်လို့ပါ မင်းနဲ့ဆက်သွယ်နေရင် သူစိတ်ပျော့ညံ့ပြီးမင်းဆီပြန်ပြေးလာမိမှာစိုးလို့ လုံးဝအဆက်သွယ်ဖြတ်ထားတာပဲ ဖြစ်ပါလိမ့်မယ် "

"အစ်ကိုကြီးပြောသလိုဖြစ်ပါစေလို့ပဲ ကျွန်မဆုတောင်းပါတယ် ကျွန်မလေဒီကလေးနဲ့ တစ်ခါမှ ခုလိုအကြာကြီးမခွဲခဲ့ဖူးလို့နေမယ် သိပ်လွမ်းတယ် စိတ်ထဲမှာလည်းသမီးလေးမှာ အန္တရယ်ရှိနေတယ်လို့ တနုံ့နုံ့ခံစားနေရတယ် တစ်ခုခုဖြစ်တော့မယ်လို့လည်းစိတ်ထင့်ပြီး တစ်ချိန်လုံးစိတ်ပူနေရတယ် ဒါကြောင့် သမီးလေးကိုကာကွယ်ပေးနိုင်ဖို့ ဒီနေရာကို ထွက်လာခဲ့တော့တာပဲရှင်"

ပန်းခရေပုံပြင် (The Story of Star-Flower)Where stories live. Discover now