𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓
Jiminရေမိုးချိုးပြင်ဆင်ပြီး ကိုကို့ဆီသွားဖို့လုပ်နေလိုက်သည်။မီးဖိုချောင်ထဲမှာပြင်ဆင်နေတဲ့Jiminမေမေကအပြင်ထွက်လာပြီး
"သားသွားတော့မှာလား"
"ဟုတ် မေမေ"
"အေး အေး ဒီမှာပြင်ပြီးပြီနော် ယူသွားလို့ရပြီ"
"ဟုတ်ကဲ့ သွားပြီ မေမေ"
Jiminလည်း သူ့ Bodyguardနှစ်ယောက် နဲ့သုံးယောက်သာသွားကြသည်။လူများရင်မလွတ်လပ်တာကြောင့် အဖော်တစ်ယောက်ပါလျှင်လုံလောက်ပြီလေ.....။
သုံးယောက်သားMin Groupဆီသို့~~~~~
.............. ........... ........... ......"Yu...Yuar!!!"
"ဟုတ်တာပေါ့"
ထိုအခါမှYoongiလည်းတစ်စုံတစ်ခုကိုသတိရပြီး....
"Yarrrrrrrr Han Yuar!!!!!"
"wae? wae? wae??? အော်မနေနဲ့ နားငြီးတယ်"
"ဘာလို့ဒီလိုတွေပြောတာလဲ"
"ဘာလို့လဲ ငါလည်း နင်ဘယ်လိုနေမလဲသိချင်လို့ ငါဖတ်တဲ့ficတွေထဲကလိုCEOဆိုတဲ့သူရဲ့ငယ်ရည်းစားတို့အချစ်ဦးတို့ဆိုပြီးရောက်ရောက်လာတဲ့စနိုက်ကျော်မတွေလိုမျိုးပြောကြည့်တာ နင်ကလည်းငါ့ကိုမမှတ်မိတော့ စကောင်းကောင်းနဲ့စကြည့်တာပါဟယ် နင်ဟာလေ အရင်ကလိုပဲ တခုမှမပြောင်းလဲဘူး ဒေါသတောင်ပိုကြီးလာသလားလို့ ဟွန့်.."
Han Yuarဆိုတာ Min Yoongiရဲ့ငယ်သူငယ်ချင်းပါ ငယ်ငယ်တည်းကYoongiကသိုသိုသိပ်သိပ်နေတတ်လွန်းပြီး သူငယ်ချင်းတစ်ယောက်မှမထားပေမဲ့ Yuarကသူ့ကိုသည်းခံပြီးအောက်ကျနောက်ကျခံပြီးပေါင်းသင်းနေလို့ဒီလိုရင်းနှီးနေရတာပင်...မိဘတွေချင်းကလည်းသိကြတော့ ကြာတော့Yuarနဲ့သူငယ်ချင်းတွေဖြစ်လာသည်။Yuarကလည်းYoongiကိုအားနေ စနောက်နေသလိုYoongiလည်းYuarကိုခင်ပေမဲ့လည်းတခါတလေကြည့်မရ..သူတို့နှစ်ယောက်ကပြောမနာဆိုမနာလူတွေလိုဖြစ်နေကြသည်။
သူတို့အထက်တန်းပြီးတော့Yuarကမိသားစုနိုင်ငံခြားကိုပြောင်းသွားကြတာ အဲ့အချိန်ကစပြီးအဆက်အသွယ်ပြတ်သွားကြတယ်ပဲဆိုပါတော့...ကိုယ်တိုင်ကလည်းအလုပ်တွေအရမ်းများနေတော့ သူ့ကိုသိပ်အာရုံမစိုက်မိ မတွေ့တာလည်းကြာသွားတော့ Yoongiခမျာမေ့ချင်ချင်နဲ့မမှတ်မိသလိုဖြစ်နေသည်။
YOU ARE READING
🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)