Part - 15

3.8K 197 15
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

အမှောင်ထုကြီးစိုးထားသည့်ထိုနေရာ.......
ဘယ်နေရာကိုကြည့်ကြည့် မှောင်မိုက်ခြင်းအပြည့်နှင့် အလင်းနှင့်တူသည့်အရာဆို၍မြူမှုန်တစ်မှုန်တောင်မတွေ့ရ........

ထိုနေရာတွင် ချစ်ရသူတွေနဲ့ဝေးကွာနေပြီးအထီးကျန်နေသော လူတစ်ယောက်လည်းရှိနေသည်~~~~~~

"ဒါဘယ်နေရာလဲ!! ငါဘယ်ရောက်နေတာလဲ!!"

"ငါကြောက်တယ် ကိုကို!! ကိုကိုဘယ်မှာလဲ!!"

"ဖေဖေ မေမေ!! ဘိုးဘိုးရေ ဘွားဘွားတို့ဘယ်မှာလဲ!! hyung သားဘယ်ကိုရောက်နေတာလဲ!! သားကြောက်တယ်"

သူချစ်ရတဲ့သူတွေကိုတုန်တုန်ရီရီဖြင့်အော်ခေါ်ရင်း အသံပြုမိသည်။သို့ပေမဲ့ ထိုနေရာမှာသူ၏အသံကလွဲလို့ တခြားဘာသံမှမရှိ တိတ်ဆိတ်လွန်းလှသည်။

"ကိုကိုရေ သားကိုလာခေါ်ပါ သားအရမ်းကြောက်တယ် ကိုကို!!"

"သားလေး အမေ့သားလေး JiJi"

"ဟင် မေမေ မေမေလား"

မိန်းမတစ်ယောက်အသံ သူဒီအသံကိုရင်းရင်းနှီးနှီးသိနေသည်။ဒီအသံက သူ့ရဲ့အမေဖြစ်သူရဲ့အသံ...

"Jiminလေး နေကောင်းပါတော့နော် သားကိုကိုစောင့်နေတယ်"

"မေမေ‌"

နောက်ထပ်မိန်းမတစ်ယောက် ဒါကသူသေချာသိသည်။သူ့ရဲ့တစ်ယောက်သောသူရဲ့မိခင်......

"Jimin hyungညီလေးJimin ပြန်လာခဲ့ပါနော် Jiminလေးနေပြန်ကောင်းတော့မှာလေ"

တစ်ဖန် သူ့ကိုငယ်ငယ်တည်းကညီလေးအရင်းတစ်ယောက်လိုစောင့်ရှောက်ပေးတဲ့ Seokjin hyung...

"hyung hyung!!"

အသံတွေကြားနေရပေမဲ့ ဘယ်သူ့ကိုမှမမြင်ရ နေရာတိုင်းကမှောင်မည်းနေလျက်~~~
ခနကြာတော့ဘာသံမှမကြားရတော့ပဲ ပုံမှန်အတိုင်းတိတ်ဆိတ်မှုကြီးသာပြန်ပေါ်လာခဲ့သည်။

"အဟင့် အဟင့် သားကိုကယ်ပါဦး သားဒီနေရာကြီးမှာမနေချင်ဘူး အဟင့်"

Jiminဆိုသည့်ကောင်လေးမှာ ငိုရင်းနဲ့ပင်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ထိုစဉ်

🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)Where stories live. Discover now