𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓
Minအိမ်တော်၌....
Yoongiညအိပ်ခါနီး ကုတင်ပေါ်မှာထိုင်ကာစာအုပ်ဖတ်နေသည်။အလုပ်အားလို့ဘာမှလုပ်စရာမရှိတဲ့အချိန်စာဖတ်တတ်တာလည်းသူ့အကျင့်တစ်ခုပင်......ထိုစဉ် ဖုန်းမှ Vibrateသံမြည်လို့ကြည့်လိုက်တော့ Unknown number...
Yoongiလည်းဘယ်သူ့ဖုန်းမှန်းမသိပေမဲ့ အရေးကြီးတဲ့ဖုန်းဖြစ်နေမှာစိုးလို့ ကိုင်လိုက်သည်။"Hello.."
"Hello..ကိုကိုလား"
"ဘယ်ကကိုကိုလဲ.."
"အခုပြောနေတာMin Yoongiမှတ်လား"
"ဟုတ်တယ် မင်းကဘယ်သူလဲလို့"
"ကိုကို!!"
"ဘယ်ကိုကိုလဲ..မင်းဘယ်သူလဲလို့မေးနေ တာကိုမဖြေပဲနဲ့..တီ!"
Yoongiလည်းစိတ်ပေါက်ပေါက်နဲ့ဖုန်းကိုချပစ်လိုက်သည်။ နာမည်မေးတော့မပြောနဲ့ တစ်ကိုကိုတည်းကိုကိုနေတယ်...
ဖုန်းပြန်လာလို့ကြည့်လိုက်တော့ ခုနကနံပါတ်ပဲ မကိုင်ပေမဲ့ ခနခနခေါ်နေတော့ ဒေါသထွက်လာတာနဲ့ နောက်ထပ်လာတော့ကိုင်လိုက်ရသည်။"ကိုကို..ဖုန်းမချနဲ့နော်.."
"တောက်စ်!!!"
"အူးဝါးးးးးးးဗြဲ..အီးဟီးးးးးအူးဝါးးးးးးး"
Yoongiလည်းသူ့ကို ကိုကိုလို့ခေါ်တာကိုမရပ်ပဲဖုန်းမချဖို့တောင်ပြောနေတော့ ဒေါသထွက်ပြီး တောက်ခေါက်လိုက်တော့ တခါတည်းငိုသံကြီးထွက်လာပါလေရော....
"........"
"အီးဟီးးးကိုယ့်ခင်ပွန်းလောင်းရဲ့အဟင့်..အ အသံကိုတောင် အီးဟီးးးးးမမှတ်မိဘူးလား အဟင့်...."
"ဟင်...Ji Ji"
ဒါဆို ကလေးပေါက်ပေါ့.....
"အဟင့်.နာမည်ပြောမို့ကို..အဟင့် နားမထောင်ပဲနဲ့..လူကိုအသေအော်နေတယ် အီးဟီးးးးးးး"
"Ji Ji..ကိုယ်"
"သူများက လွမ်းလို့ အဟင့် စကားပြောချင်လွန်းလို့ ဟင့်..မေမေတို့ဆီကနေဖုန်းနံပါတ်တောင်တောင်းပြီးဖုန်းခေါ်တာကိုအဟင့်..သူများကိုတောက်စ်တွေလည်းခေါက်တယ် အော်လည်းအော်တယ် အူးဝါးးးးး"
YOU ARE READING
🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)