Part - 2

5.9K 354 29
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

နောက်တစ်နေ့ရောက်တော့...
Min အိမ်‌တော်ကလူတွေအကုန် Parkအိမ်တော်သို့မင်္ဂလာကိစ္စတိုင်ပင်ရန် သွားကြသည်။
Parkအိမ်တော်သို့ရောက်တော့ကားဟွန်းတီးလိုက်သည်နှင့် ခြံတံခါးကအလိုအလျောက်ပွင့်ပြီး ခြံထဲသို့အနက်ရောင်BMWကားသုံးစီးဟာတန်းစီပြီးဝင်လာကြသည်။

"ဟော...ဧည့်သည်တွေရောက်လာပြီ...အိမ်တော်ထိန်း ဧည့်သည်တွေကိုဧည့်ခံဖို့အကုန်ပြင်ပြီးပြီလား..."

"ပြင်ပြီးပါပြီ...ဥက္ကဌကြီး.."

"အေး အေး...မိန်းမရေ ဒီမှာ ဥက္ကဌမင် တို့လာကြပြီ Ji Jiလေးရောဆင်းမလာသေးဘူးလား"

"Jiလေးလာလိမ့်မယ် အပေါ်မှာပြင်တုန်းဆင်တုန်း သားနဲ့သမီးရေ ဧည့်သည်တွေကိုအိမ်ထဲခေါ်လေ"

"လာပြီ အမေ ဥက္ကဌ နဲ့ ဒုဥက္ကဌတို့ ထိုင်ပါရှင့် ငါ့ညီမလေး အစ်မကလွမ်းနေတာ"

"ညီမလည်းတူတူပါပဲအစ်မရေ အော် သားYoongiလာလေ"

"ဟယ်...ငါ့သမက်လေးကချောလှချည်လား ခန့်ချောကြီးပဲ လာ လာ ဝင်ထိုင်ကြ "

"ဟုတ်ကဲ့..."

"ငါ့မြေးလည်းဆင်းမလာသေးပါလား"

"ဥက္ကဌတို့ထိုင်ကြဦးနော်...အဖေ သမီး Ji Jiလေးကိုသွားကြည့်ဦးမယ်"

"အေး အေး.."

Jiminအမေလည်းဧည့်သည်တွေကိုခနထားခဲ့ပြီး Jiminကိုခေါ်ရန်အပေါ်ထပ်သို့တက်ရသည်။

Jiminလည်းအိပ်ယာနိုးတော့ ဧည့်သည်တွေလာမှာကိုသတိရပြီး ရေချိုးပြင်ဆင်ထားလိုက်သည်။ကိုယ်တိုင်လည်းအောက်ကိုမဆင်းချင်သေးလို့ မှန်ရှေ့ထိုင်ပြီးအတွေးနယ်ချဲ့နေလိုက်သည်။ JiJiနဲ့ယူမဲ့သူကဘယ်လိုပုံလဲမသိဘူး မေမေပြောတာရည်ရည်မွန်မွန်လေးနဲ့တော်တယ်လို့ပဲပြောတာ ချောမချောလည်းမပြောဘူး တော်ကြာJiJiကိုရုပ်ဆိုးကြီးနဲ့ပေးစားရင်ဘယ်လိုလုပ်မလဲ

ဒေါက် ဒေါက်!!'

"Jiလေးရေ အောက်မှာဧည့်သည်တွေရောက်နေပြီ"

"လာပြီ မေမေရေ"

Jiminလည်းမေမေလာခေါ်တာနဲ့အခန်းထဲကထွက်လာခဲ့သည်။ကိုယ့်ဘာသာလည်းမဆင်းချင်တော့မေမေလာခေါ်တဲ့အထိတမင်စောင့်နေတာ အခုမေမေ‌လာပြီဆိုတော့ Ji Jiလိုက်သွားရတော့မယ်...JiJiနဲ့လက်ထပ်ရမဲ့ကိုကို ရုပ်ချောချောလေးဖြစ်ပါစေ ယောက်ျားလေးနဲ့လက်ထပ်ရမယ်ဆိုလည်းရုပ်ချောချောလေးပဲလိုချင်ပါတယ်

🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)Where stories live. Discover now