𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓
Japanမှာ Jiminသွားချင်တဲ့နေရာတွေ စားချင်တဲ့အစားအစာတွေကိုYoongiလိုက်ပို့လိုက်ကျွေးသည်။သူ့ကလေးပျော်ဖို့လွှတ်ထားပေးလိုက်ပြီး သူကတော့နောက်ကနေလိုက်ထိန်းပေးရသည်။
Jiminကတော့ သူဘာလုပ်လုပ် ကိုကိုကလွှတ်ပေးထားတာကြောင့် လုပ်ချင်ရာလုပ်ရတော့အရမ်းပျော်နေသည်။ကိုကို့ကလက်ကလေးကိုဆွဲကိုင်ပြီး နေရာအနှံ့လျှောက်သွားကြသည်။လှတဲ့နေရာတွေရောက်ရင်လည်းကိုကိုနဲ့အမှတ်တရဓာတ်ပုံလေးတွေရိုက်ရတာအမော
"ဝါးးးးး လှလိုက်တာ ကိုကို"
"အဲ့လောက်တောင်သဘောကျတာလား ကလေး"
"ဒါပေါ့ ကိုကိုရဲ့ ကလေးက ဟိုးအရင်ထဲကဒီဆာကူရာပန်းလေးတွေကိုအရမ်းသဘောကျတာ လှလည်းလှတယ် မြင်ရတာလည်းစိတ်ချမ်းသာတယ် ပုံတွေထဲမှာတောင်လှနေတာ အခုအပြင်မှာမြင်လိုက်ရတော့ ပျော်လို့မဆုံးဘူး"
Yoongiဆာကူရာပန်းတွေရှိရာဆီခေါ်လာတော့ ကလေးကအရမ်းသဘောကျနေသည်။ပတ်ပတ်လည်မှာရှိနေတဲ့ပန်းတွေကိုကြည့်ရင်း မျက်နှာမှာလည်းအပြုံးတွေနဲ့
ထိုစဉ် အပင်ပေါ်မှ ဆာကူရာပန်းလေးတစ်ပွင့်ကကြွေကျကာ Jiminရဲ့ခေါင်းလုံးလုံးလေးပေါ်သို့တင်သွားသည်။"ကလေး ခန"
"ဟင် ဘာလို့လဲ"
Yoongi ကလေးခေါင်းပေါ်က ပန်းလေးကိုယူကာ ကလေးကိုပြလိုက်သည်။
"ဒီမှာ"
"ဟင် ကြွေကျလာတာလား"
"အင်း ကြွေကျလာတာ ကလေးခေါင်းပေါ်ကိုကြွေကျလာတာ"
Yoongiကရယ်ရင်းပြောလိုက်သည်။
"Wow!! လှလိုက်တာ"
Yoongi ကလေးလက်ထဲက ပန်းလေးကိုယူလိုက်သည်။ပြီးတော့ ကလေးရဲ့နားလေးမှာပန်ပေးလိုက်ပြီး သဘောကျစွာပြုံးလိုက်မိသည်။
"ကိုကို ကလေးမိန်းကလေးမှမဟုတ်တာ ဘာလို့ပန်းပန်ပေးတာလဲ"
"ယောက်ျားလေး ပန်းမပန်ရဘူးလို့ ဘယ်သူပြောလဲ ကိုကို့ကလေးလေးကချစ်ဖို့ကောင်းလို့ ကိုကိုကပန်ပေးတာ အရမ်းချစ်ဖို့ကောင်းတာပဲ"
YOU ARE READING
🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)