𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓
"ကိုကို ကလေးအင်္ကျီထုတ်ပေးထားတယ်နော်"
"အင်း ကလေး ထားခဲ့ ကိုကိုဝတ်လိုက်မယ်"
ကိုကို့ကိုအလုပ်သွားဖို့အင်္ကျီတွေထုတ်ပေးပြီး မနက်စာစားရန်အရင်အောက်ဆင်းလာခဲ့သည်။ကိုကိုလည်းပြင်ဆင်ပြီးတာနဲ့အောက်ဆင်းလာသည်။
Yoongiနဲ့Jiminတို့ ထမင်းချက်ဒေါ်ကြီးပြင်ပေးတဲ့မနက်စာကိုစားလိုက်ပြီး Yoongiကတော့ရုံးသွားတော့မည်။
"ကိုကို အလုပ်သွားတော့မယ် အိမ်မှာဂရုစိုက်နေဦး ဘယ်မှမသွားနဲ့နော် ပျင်းရင်ကိုကို့ဆီဖုန်းဆက် ကြားလား ကလေး"
"အင်းပါ ကိုကိုရဲ့ အေးဆေးသာသွားပါ"
"အင်း သွားပြီ မွ"
"ဟုတ်ကဲ့ မွ"
Yoongiကလေးကို နှုတ်ဆက်အနမ်းပေးကာအလုပ်သို့ထွက်လာခဲ့သည်။
အိမ်မှာကျန်ခဲ့တဲ့Jiminကတော့ စားလိုက်အိပ်လိုက်ဂိမ်းဆော့လိုက် TVကြည့်လိုက်နှင့်အလုပ်ရှုပ်နေသည်။
တစ်ယောက်တည်းဆိုတော့ပျင်းစရာကြီး အလုပ်သမားတွေကလည်းသူတို့အလုပ်နဲ့သူတို့ရှုပ်နေပြန်သည်။Jiminတကယ်ပျင်းလှပြီ
ဟူးးးးးးးးးးးးးးးးးးးထိုစဉ် ဖုန်းမြည်လာလို့ကြည့်လိုက်တော့ ကိုကိုဆီကမို့ ကိုင်လိုက်သည်။
"Hello ကိုကို~~~"
ဖုန်းဖြေသည့်အသံကိုက အားပျော့နေသည်
"ကလေး ဘာလုပ်နေလဲ"
"ထိုင်နေတာ"
"ကလေး ပျင်းနေတာလား"
အယ် ဒီကိုကိုငါပျင်းနေမှန်းဘယ်လိုသိလဲ
"ဟင့် ဟုတ်တယ် ကလေးအရမ်းပျင်းနေပြီ ဘာမှလည်းလုပ်စရာမရှိဘူး"
"ဂိမ်းဆော့လေ"
"ဆော့ပြီးပြီ"
"အင်း ကလေးကပျင်းနေတော့ ကိုကိုဘာလုပ်ပေးရမလဲ"
"မသိဘူးလေ"
"သားရေ!!"
"အယ် ကိုကို ခန မေမေတို့လာတာလားမသိဘူး"
"အင်း အင်း ကိုကိုပြီးမှဖုန်းပြန်ဆက်လိုက်မယ်"
"အိုခေ အိုခေ"
YOU ARE READING
🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)