𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓
ဒီနေ့Yoongiနဲ့Jiminတို့ ဝတ်စုံသွားရွေးကြမည်ဖြစ်တာကြောင့် အပြင်သို့ရောက်နေကြသည်။Han Yuarက သူတို့လက်ထပ်တော့မယ်လည်းဆိုရော အဝတ်အစားအတွက်စိတ်မပူနဲ့ သူ့ဆိုင်ကိုလာပါဆိုပြီးညွှန်းလို့ အခုသူ့ဆိုင်ကိုသွားနေတာပင်။
ကုမ္ပဏီအလုပ်လည်းလုပ်ရင်း စိတ်ပြေလက်ပျောက်လေးဖြစ်အောင်ဆိုပြီး သူစုထားတဲ့ငွေတွေနဲ့ မင်္ဂလာဝတ်စုံ အရောင်းဆိုင်လေးဖွင့်ထားတာ။မအားရင်တော့ ဆိုင်ဝန်ထမ်းတွေကိုသာလွှဲထားလိုက်ပြီး အလုပ်အားရင်Yuarကိုယ်တိုင်ဆိုင်ထိုင်တတ်သည်။ဒီနေ့သူတမင်ဆိုင်လာထိုင်ဖြစ်သည်။Yoongiတို့လာတဲ့အချိန် သူနဲ့တွေ့အောင်လို့။ဘာပဲဖြစ်ဖြစ် သူမငယ်သူငယ်ချင်းရေခဲတုံးကြီးရဲ့လက်ထပ်ပွဲမှာတော့ သူမ ကူညီချင်သည်။
"ရောက်လာကြပြီလား ခနထိုင်ဦးနော် ငါဝတ်စုံသွားယူပေးမယ်"
ပြောပြီးထသွားကာ ခနကြာတော့ ပုံစံတူsuitနှစ်ထည်ကိုယူကာရောက်လာသည်။
Yoongiပြောလိုက်တဲ့နေ့ကတည်းက Yuarကသူကိုယ်တိုင်ဒီဇိုင်းဆွဲပြီးဖန်တီးပေးထားတာတဲ့။အပြာနုရောင်ပေါ်မှာ ကနုတ်ပန်းသေးသေးလေးတွေထိုးထားတဲ့အပြင် ရိုးရှင်းပြီးလှပတဲ့ဒီဇိုင်းလေး...."ကြိုက်လား မောင်လေး"
"ဟုတ် ကြိုက်တယ် မမကအရမ်းတော်တာပဲ"
"နင်ကငါ့ကိုမမေးပဲ ဘာလို့ငါ့ကလေးကိုမေးတာလဲ"
ရုပ်တည်ကြီးနဲ့လာပြောတဲ့Yoongiကိုကြည့်ပြီး အမြင်ကပ်ချင်သည်။
"ဒီမှာ နင့်ကိုဘာကိစ္စမေးရမှာလဲ ငါ့မောင်လေးကြိုက်ဖို့ပဲလိုတယ် နင်ကိုယ်တိုင်ကလည်းနင့်ကလေးကြိုက်ရင် နင်ကြိုက်တာပဲမဟုတ်လား အဲ့ဒါကိုဘာကိစ္စမေးနေရဦးမှာလဲ အံ့ဩပ့"
Yuarစိတ်ပေါက်ပေါက်နှင့်ပြောချပစ်လိုက်သည်။Jiminကြိုက်ရင်သူမကြိုက်တာကျလို့ အပင်ပန်းခံပြီးလာမေးနေတာ ဘာမှတ်နေလဲ ငါဟဲ့Han Yuar အဟွန်းးးးး
Yuarပြောတာလည်းမှန်တာကြောင့်Yoongiဆက်မပြောပဲနေလိုက်တော့သည်။
"ကလေးကြိုက်ပါတယ်နော်"
"ကြိုက်တာပေါ့ ကိုကိုရဲ့ ဒီဇိုင်းကအရမ်းလှတယ်"
YOU ARE READING
🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)