🌐🗺️
ကျနော် အလုပ်ပြန်ဆင်းနေတာ 1 လပြည့်တော့မည်။
ကွဲပြားသွားတဲ့အရာတွေကတော့ companyမတူတော့တာရယ်၊ မြင်နေကျ ဝန်ထမ်းတွေမတူတော့တာရယ်၊ နောက်ဆုံးတစ်ခုကတော့ စိတ်ခံစားချက်မတူတော့တာတွေပါ။JM Company နဲ့ GD comapny ကွာခြားချက်တွေကတော့ အများကြီး ပါပဲ။ အားလုံးထဲကမှ အဆိုးဆုံးတခုကို ပြောပြရမယ်ဆိုရင်.....
JM companyက အလုပ်ရှင်နဲ့ အလုပ်သမားတွေက မိသားစုသဖွယ် လုပ်ကိုင်ကြတယ်။ အေးအတူ ပူအမျှ ပူးပေါင်းဆောင်ရွက်ကြတယ်...။
အဲ့တော့ အလုပ်လုပ်ရတာ ပျော်နေတာပေါ့ဗျာ..။GD companyကတော့ အလုပ်ရှင်ကိုယ်တိုင်က ဝန်ထမ်းတွေကို တော်တော်နိုပ်စက်တာ...
နိုပ်စက်တယ်ဆိုလို့ ကိုယ်ထိလက်ရောက် နိုပ်စက်တာကို ပြောတာမဟုတ်ပါဘူး။ ဝန်ထမ်းတွေကို pressure အရမ်းပေးတာပါ...။ GD companyရဲ့ ဥက္ကဋ္ဌ ကိုယ်တိုင်ကိုက သူ့မျက်စိထဲမှာ ဝန်ထမ်းတွေကို ကျွန်လိုလို၊ ခိုင်းနွားလိုလို မြင်နေတာကိုး.....။ကျနော့်ရဲ့ အလုပ်ကတော့ ထုံးစံအတိုင်း အတွင်းရေးမှူး ပေါ့ဗျာ...။နောက်တာဝန် တခုက....
''ကျနော်က သူလျှို ဖြစ်နေဆဲပါပဲခင်ဗျာ´´
=====================
🍃🍃🍃
(အတိတ်က အကြောင်းအရာ တစ်ခု)ဒု ဥက္ကဋ္ဌ ရဲရင့်သွေး သည် ကျနော့် စပိုင်တစ်ယောက် ဖြစ်သည်ကို သိရှိသွားပီးတဲ့နောက်....
"ငါ မင်းကို အပြစ်ပေးမယ်။ မင်း အဲ့ဒီအပြစ်ကို လက်ခံရမယ်..."
ခပ်တင်းတင်း လေသံဖြင့် ပြောနေတဲ့ သူ့ ရှေ့မှာ
ကျနော် ဒူးထောက်လျက်သားဖြင့်သာ ခေါင်းကို ညိတ်ပြလိုက်သည်....။"အေး...အဲ့ဒါဆို သေချာ နားထောင်.....
နံပါတ် ၁. မင်း ဒီ companyကနေ အလုပ်ထွက်ရမယ်။
နံပါတ် ၂. မင်း ငါ့ရဲ့ သူလျှို အနေနဲ့ ဟို companyမှာ အလုပ်လုပ်ပေးရမယ်...""ခင်ဗျာ!!!"
"ဘာလို့လဲ...ငြင်းချင်တာလား?"