🖼️🖼️
စည်ကားလှသော ညစာစားပွဲတွင် လူထူထပ်နေခြင်းကြောင့်ူဆူညံသံ အများအပြား ထွက်ပေါ်နေသော်လည်း ထိုအသံများကို ကျနော်
အာရုံမစိုက်မိ....။အဖေ့၏ စီမံမှုကြောင့် ကျနော်နှင့်အတူ ပွဲတက်လာသော မိန်းမလှလေးကိုတောင် မေ့မေ့ပျောက်ပျောက် ဖြစ်နေသည့် ကျနော် "မောင်ရဲရင့်သွေး" သည် လူ တစ်ယောက်ကိုသာ သဲကြီးမဲကြီး ရှာဖွေနေမိသည်။ကျနော့် ခန္ဓာကိုယ် က ထိုင်ခုံတစ်ခုတွင် ထိုင်နေရသော်လည်း ခေါင်း ကမူ အရပ်ရှစ်မျက်နှာကို
ချာလပတ်ရမ်းကား ကြည့်နေမိသည်။[စစ်မှူးရယ်....ကိုယ် မင်းကို ဘာလို့အရမ်းတွေ့ချင်နေမှန်းမသိ ဖြစ်နေတယ်ကွာ....]
စစ်မှူးဝေ GD companyမှာ အလုပ်ဝင်ကာ စပိုင်လုပ်ကတည်းက ကျနော့်တောင်းဆိုထားတဲ့ ထိုcompany၏ သတင်းအချက်အလက်များကို နေ့တိုင်းနီးပါး e mailဖြင့် ပို့ပေးလေ့ရှိသော်လည်း သူနှင့် လူချင်းမတွေ့ဖြစ်ပေ....။
ရမယ်ရှာကာ ph ခေါ်ပီး သူ့အသံ လေးကို ကြားချင်သော်ငြား....သူက chat boxတွင်သာ message ပို့ပေးရင်း သူ့ဆီ ph လုံးဝ မဆက်ပါနဲ့ဟု တောင်းဆိုခြင်းကြောင့် ကျနော့် စိတ်ကို ဒုန်းဒုန်းချကာ ခေါ်ဆိုခြင်း မပြုလုပ်ခဲ့ပေ....။
သူနေထိုင်ရာ တိုက်ခန်းလေးကို သွားခဲ့ပေမဲ့ အပေါ်မတက်ခဲ့ပဲ အောက်ကနေပဲ ကြည့်ပီး ကျနော့်အိမ်ကို ပြန်လာခဲ့သည့် ရက်တွေလည်း မနည်းတော့ပေ...။
အခုလည်း ပွဲ အခမ်းအနားက စတော့မည်။ သို့သော် သူ့ကို ရှာမတွေ့သေး....
"အကို ရှန်ပိန် သောက်ဦးမလား...။ညမ သွားယူလာပေးမယ်လေ..."
ဘေးတွင်ထိုင်နေသော ကောင်မလေးရဲ့ ပြောစကားအသံကြောင့် အတွေးကမ္ဘာထဲမှ ကျနော် ပြန်လည် လွတ်မြောက်သွားသည်။
"ရပါတယ် ညမရဲ့...အားနာစရာကြီး။ တကယ်ဆို ကိုယ်က ညမကို အဖော်အနေနဲ့ လုပ်ပေးရမှာ.."