JM companyထဲသို့ ဝင်လာကတည်းက ကိုယ့်
ကိုကိုယ် လိပ်ပြာမလုံသလို စစ်မှူးဝေ ခံစားမိ
သည်။မဲနယ်ရောင် လည်ကတုံးအင်္ကျီ ကို
အနက်ရောင် ပုဆိုးဖြင့် တွဲဖက်ဝတ်ထားသော
စစ်မှူးမှာ တော်တော်လေး သန့်နေသည်။မချော
ပင်မဲ့လည်း ချစ်စရာကောင်းသော မျက်နှာလေးကတော့ မပြုံးချင်ပေမဲ့လည်း ဟန်ဆောင်ပြုံးထား
ရသည်။မြေညီထပ်ရှိ ကောင်တာဆီသို့ သွားကာ"တခုလောက်မေးချင်လို့ပါ ခင်ဗျာ။ဒု ဥက္ကဋ္ဌရဲ့
ရုံးခန်းက ဘယ်အထပ်လဲမသိဘူးရယ်...""အော်....။လူသစ်လား....ဟိုတနေ့က အင်တာဗျူး လာဖြေတဲ့ တျောက်လား.."
"ဟုတ်ကဲ့ ခင်ဗျ...."
"ခဏလေး...စောင့်လိုက်ပါလား။ခန နေရင်
ဒု ဥက္ကဋ္ဌ လာတော့မယ်။""အော်....ဟုတ်ကဲ့"
ကောင်တာ အနီးရှိ စားပွဲဝိုင်းတွင် ဝင်ထိုင်ကာ
ဟိုကြည့်ဒီကြည့်ဖြင့် လုပ်နေလိုက်သည်။ခန
အကြာ အဝင်ပေါက်ရှေ့မှ အနောက်တိုင်းဝတ်စုံ
အပြာရောင်နှင့်လူ တစ်ယောက် ဝင်လာသည်။Wow...။ဒီလူက ဒီ companyကငှါးထားတဲ့
မော်ဒယ်များလား မသိဘူး။အရပ်ကတော့ ရှယ်ပဲ။ထိုလူအား ကျနော် မျက်တောင်မခတ်ကြည့်နေမိသည်။သူကတော့ ပြုံးပြုံးပင် စမတ်ကျကျ
လျှောက်လှမ်းကာ ဓာတ်လှေကား ဆီသို့ဦးတည်
နေလေသည်။ကိုယ်ကတော့ ကြည့်ကောင်းလျက် ဆက်ကြည့်နေမိသည်။ထိုအခါ ကောင်တာက အမများက
"ဟဲ့ကောင်လေး...။ဒု ဥက္ကဋ္ဌ လာနေပီလေ။
လိုက်သွားလေ...""ဟင်...သူလား"ကြောင်အမ်းအမ်းဖြင့် သာ
ပြန်ပြောနေမိသည်။"ဟုတ်တယ်...လိုက်သွား မြန်မြန်.."
ကျနော် ကပျာကယာဖြင့် သူဆီသို့ ပြေးသွားမိသည်။တော်သေးသည် ဓာတ်လှေကားက ကြာနေတလို့ပေါ့...