လူ့လောကမှာ ကြောက်စရာအကောင်းဆုံးက
ဘာလဲလို့ မေးရင် စစ်မှူးဝေကတော့ သံယော
ဇဉ်ကြိုးလို့ပဲ ဖြေချင်တယ်။ကျနော် JM companyမှာ အလုပ် လုပ်လာတာ
4လကျော်ပီလေ။တဖြည်းဖြည်းနဲ့ လုပ်ငန်း
သဘောတေ၊လူမှုဆက်ဆံရေးတေ ကို နားလည်လာပေမဲ့ သူလျှို လုပ်ရတာကိုတော့ စိတ်ကုန်
လာသည်။အထူးသဖြင့် ဒု ဥက္ကဋ္ဌ နှင့်အတူ
စကားစမြည်ပြောတဲ့အချိန်ပေါ့ ကျနော့်ကို
ကျနော် လူယုတ်မာကြီးပဲလို့ စိတ်က သတိပေး
နေသည်။စိတ်ထားဖြူ စင်ပီး ပွင့်ပွင့်လင်းလင်းပြောဆို
နေထိုင်တတ်သော ဒု ဥက္ကဋ္ဌက ကျနော့်အပေါ်
ညီလေး တျောက်လိုမျိုးကို ခင်မင်သည်။
ကျနော်ကတော့ သစ္စာဖောက်မြဲ ဖောက်စမြဲပင်..
ကျနော် ဒီ companyကို စဝင်ကတည်းက
JM companyရဲ့ စာရင်းအချက်လက်တေ၊
ပရောဂျက်အသစ်တေ၊ရှယ်ယာရှင်တေရဲ့ ကိုယ်
ရေးရာဇဝင်တေအားလုံးကို GD companyဆီ
သို့ နေ့တိုင်း ပို့ရသည်။လူသတ်မှ ပြစ်မှုမဟုတ်ဘူး။သူတပါးရဲ့ အခွင့်
အလမ်းတေကို ပိတ်ပင်နေခြင်းကလည်း ပြစ်မှု
ပင်တည်း....။ထို ပြစ်မှုကို စစ်မှူးဝေ
နေ့စဉ်နေ့တိုင်း လုပ်နေမိသည်။ကိုယ့်ကိုကိုယ်
လည်း မှန်ထဲပြန်ကြည့်မိတိုင်း အကုသိုလ်ကောင်ကြီးကို ဖြစ်လို့....ဒု ဥက္ကဋ္ဌ ရဲရင့်သွေး....။သူ့ မကြာခဏပြောတတ်
တဲ့ စကားလုံးက"ညီ...။ကိုယ်က ဆင်းရဲတာ၊ချမ်းသာတာကို
ဂရုမစိုက်ဘူး။အဓိက က ရိုးသားမှုနဲ့ သစ္စာရှိမှုကိုပဲ ကိုယ် တန်ဖိုးထားတယ်...။ကိုယ် လက်ထပ်မဲ့
သူကလည်း အဲလိုလူမျိုးပဲ ဖြစ်ရမယ်..."အဲ့ စကားကြားရင် ကျနော် ထွက်ပြေးချင်စိတ်
တောင် ဖြစ်မိတယ် အမြဲ...။ရာထူးအာဏာကြီးလို့ ကိုယ့်လက်အောက်ငယ်သားအပေါ် ပါဝါပြ
တာတေ၊ဟိတ်ဟန်ထုတ်တာတေ အလျှင်းမရှိ
သော သူ့ကို ကျနော် သံယောဇဉ် ဖြစ်လာမိတာ
ကျနော် မှားသွားလား...။ဒီအတိုင်းသာ ရှေ့ဆက် သွားရင် JM companyကြီး လုံးဝ
ပြိုကွဲ သွားတော့မှာ...။အရင်တုန်းက ထိပ်တန်း
company 10ခုတွင်ပါဝင်သော JM companyက အခုဆို ဒယိမ်းဒယိုင်ပင်
ဖြစ်လျက်။GD companyကအခုဆို Top 10
စာရင်းတောင် ဝင်လာပီလေ။