ကျနော် မျက်နှာသစ်နေချိန် အတွင်း ဧည့်ခန်းထဲ
မှာ စကားပြောသံတေ ကြားရတာကြောင့်
မျက်နှာ အလျင်အမြန် သစ်ပီး အပြင်သို့ ထွက်
လာမိသည်။တွေ့လိုက်ရသော မြင်ကွင်းက
လူတျောက်။GD companyက ဒု-ဥက္ကဋ္ဌ.....
ကျနော် သိတာပေါ့။ကိုယ့်ရဲ့ ပြိုင်ဖက် companyက လူဆိုတာကို....
ဒါဆို အတွေးရေးမှူး၊သူကရော ဘာလဲ
သူနဲ့ ဘယ်လိုပတ်သတ်နေတာလဲ....ဒု-အတွေးရေးမှူး မျက်နှာကို ကျနော်ကြည့်လိုက်
ချိန်တွင် သူ့မျက်နှာက ပျက်ယွင်းလျက်...
ဟိုလူ လာတာကို သူသဘောကျပုံမပေါ်အခန်းဝ၌ မတ်တပ်ရပ်ကာ အခြေနေကို အကဲခတ်နေသော ကျနော့်ကို ဟိုလူက လှမ်း ကြည့်လိုက်သည်။
"အော်...ဧည့်သည်ရောက်နေတာပဲ။စစ်မှူးက
တော်ယုံ လူဆိုရင် အိမ်ကို လာတာလက်မခံပါဘူး။အခု သူက..."သူ့ရဲ့ စကားအသွားအလာကို ကျနော် သိပ်မကြိုက်ဘူး...
"ကို သန့်စည်သူ။သူက ကျနော့်ရဲ့ ဒု-ဥက္ကဋ္ဌ မို့လို့
အိမ်ကို လာလည်ဖို့ ဖိတ်လိုက်တာပါ။ဒါပေမဲ့
ခင်ဗျားကျတော့ လာမလည်ခိုင်းတာတောင်
ဘာလို့ လာတာလဲ..။ခင်ဗျားက တော်တော်
မျက်နှာပြောင်တိုက်တဲ့ သူပဲနော်..."ဒု-အတွေးရေးမှူး ပြောနေတာကိုပင် ဟိုလူက
မျက်ကွယ်ပြုထားသယောင် ပြုံးနေဆဲပင်..."ညီ...ကိုယ် ပြန်တော့မယ်နော်"
ကျနော့်စကားသံကြောင့် သူ ကျနော့ကို လှည့်ကြည့်လာသည်။
"မပြန်ပါနဲ့ဦး...။ဘာလို့လဲ...။အကို မနက်စာတောင်မစားရသေးဘူးလေ"
"ဟား....ဟား."
ဟိုလူ၏ ရယ်သံ"သူများတကာ ကြည်နူးနေချိန်ကို ကျနော် လာဖျက်စီးသလိုများဖစ်သွားသလားဗျ...ဆောတီးနော်
အခုတော့ အကိုကပဲ အရင် ပြန်လိုက်ပါ့မယ်။
နောက်ရက်မှ ထပ်လာတာပေါ့...."