နိဒါန်း

1.6K 44 2
                                    

ဒီ​နေ့က ကျ​နော့်​အတွက်​ ပထမဆုံးအလုပ်​စဝင်
တဲ့​နေ့ပါ။JM companyဟု ​စာတန်းပါရှိသည့်
company အ​ဆောက်​အဦး ကြီးကို​ ကျ​နော်​ 
မျှော်​ကြည့်​ကာ စိတ်​ထဲ အလိုအ​လျောက်​သိ​နေသည်​။မကြာမီ ဒီcompanyကြီး ပြိုကွဲ​တော့မှာ
ဆိုတာကို​ပေါ့........

လွန်​ခဲ့​သော တပတ်​က....

GD ဟူ​သော companyတစ်​ခု၏ အင်​တာဗျူး
ကို စစ်​မှူး​ဝေ သွား​ဖြေမိခဲ့သည်​။သူ အ​တော်​ပင်
စိတ်​လှုပ်​ရှား​နေမိသည်​။

အင်​တာဗျူးအခန်းမှ အသံတခု....

"​ကိုစစ်​မှူး​ဝေ ရှိလား..."

"ဟုတ်...ဒီမှာပါ" ထိုင်​​နေရာမှ အလျင်​အမြန်
ဖြေကြားပီး ခပ်​သွက်​သွက်​ ထိုအခန်းရှိရာသို့
သွားလိုက်​သည်​။လူလည်း စိတ်​နဲ့ မကပ်​ပဲ
အင်​တာဗျူးမည့်​ စားပွဲ၌သာ ဝင်​ထိုင်​မိသည်​ 
ခေါင်းက​တော့ ​အောက်​စိုက်​လျက်​။

ငါ့ကို ဘာ​တေ​မေးမှာလဲမသိဘူးရယ်​။ငါဒီအလုပ်
ရမှာဖြစ်​မှာ...

ရောက်​တတ်​ရာရာ အ​တွေး​ပေါင်းစုံက​တော့
သူရဲ့​ခေါင်းထဲ၌ ​နေရာယူလျက်​....။ထိုစဉ်​ ရင်းနှီး
သော အသံတစ်​ခု....

"မ​တွေ့ရတာကြာပီ​နော်​.......။စစ်​..မှူး"

ဟင်​...။အသံကြားကြားချင်း ​ခေါ်င်း​ထောင်​ကြည့်
မိ​တော့မှ အထက်​တန်း​ကျောင်းတုန်းက
exကြီး...။what the fck!!!

"ခင်​...ခင်​ဗျား..."

အံသြလွန်းလို့ အသံပင်​ ဆက်​မထွက်​လာ​သော်
လည်း သူက​တော့ ​အေး​အေး​ဆေး​ဆေးပင်​...

"ကိုယ့်​နာမည်​ကို​တောင်​ မမှတ်​မိ​တော့ဘူးလား"

သူ၏ ​မေးခွန်း၊မဟုတ်​​သေးဘူး သူရဲ့အသံကို
ကြားရင်​ကို စစ်​မှူး ရင်​ထဲဆို့ဆို့တက်​လာသည်​။
မျက်​ဝန်းတွင်​မူ မျက်​ရည်​များက အဝိုင်းသား...
နဂိုကတည်းက စိတ်​လှုပ်​ရှား​နေပါတယ်​ ဆိုမှ
မိမိအား ရက်​ရက်​စက်​စက်​ အသဲခွဲသွားသည့်
လူနှင့်​ companyတစ်​ခုတည်း အလုပ်​လုပ်​ဖို့ဆိုတာ စစ်​မှူး မစဉ်းစားတတ်​​တော့​ပေ။ထို​နေရာ
တွင်​ သူဆက်​ပီး​နေလျင်​ ငိုမိ​တော့မှာကို
သိသဖြင့်​ အခန်းထဲမှ ပြန်​ထွက်​မည်​လုပ်​တုန်း...

ဒု-အတွင်း​ရေးမှူး၊ကျ​နော့်​ ချစ်​သူWhere stories live. Discover now