မနက်ခင်း နေရောင်ခြည်သည် တောက်ပစွာ ပွင့်လန်းလာသည်။Lisa ၏ အချစ်တော် ကြောင်ကလေးများက တမြောင်မြောင် အော်မြည်လျက်။
"Leo...lily ....Luca...လာ လာ။ မနက်စာ စားရအောင်။"
Jisoo ၏ ပန်းကန်ခွက်ယောက်များပြင်ဆင်သံနှင့်အတူ ကြောင်ကလေးများကို ချော့မြူလိုက်သံက Lisa ကို အိပ်ယာထက်မှ ထ ထိုင်စေသည်။
"Lisa ya..ထတော့လေ။ မနက်စာ စားပြီးရင် shooting သွားရဉီးမယ်။"
အခန်းတံခါး ခေါက်သံ ဖွဖွနှင့်အတူ တံခါးလှည့်ဖွင့်လိုက်သော Rosè ၏ အသံကြောင့်
Lisa တစ်ယောက် ကိုယ့်ကိုယ်ကို သတိထားလိုက်မိကာ အထိတ်တလန့်ဖြင့်"Chaeyong...ငါ ရေချိုးမလို့ပြင်နေတာ။ထွက်လာမယ်။မဝင်ခဲ့နဲ့။"
ပြောပြောဆိုဆို ခုတင်ခြေရင်းတွင် ကျနေသော မွေးပွ သဘက်ကို ဆွဲယူရစ်ပတ်လိုက်ပြီး ရေချိုးခန်းထဲ ပြေးဝင်လိုက်ရသည်။
Jennie ကတော့ ဘယ်အချိန်ကတည်းက ထွက်သွားသည်မသိ။
ရေအမြန်ချိုးပြီး အဝတ်လဲကာ ထွက်လာတော့ စားပွဲဝိုင်းမှာ လူစုံနေပြီ။
Jennie က ပဲခေါက်ဆွဲပန်းကန်ကို Lisa ရှေ့ ချပေးကာ
"စား။shooting က ကြာမှာ။ပင်ပန်းနေမယ်။"
ဘာမှ မဖြစ်သလို ဟန်ဆောင်နေသော Jennie ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေမိသည်။
Rosè က သံပုရာသီးတစ်စိတ်ကို လှမ်းယူပြီး
"ကဲ..LaLisa မကြေနပ်တာရှိရင်လဲ နှစ်ယောက်သား အေးဆေးရှင်းကြ။ unnie Jennie ပြောပြီးသွားပြီ။ တွဲနေကြပြီမလား။ စားစရာရှိတာစားတော့။"
"ဟင်...ပြော..ပြောပြီးသွားပြီ။ ဟုတ်လား။ ဘာပြောတာ။"
အထိတ်တလန့်မေးလိုက်သော Lisa ၏ ပုံစံကြောင့် Rosèနှင့် Jisoo တို့ အကြည့်ချင်းဆုံသွားကြကာ Lisa ကို ပြန်လှည့်ကြည့်ရင်း
"တွဲနေကြပြီဆို။ Jennieက နင့်ကိုအဖြေပေးလိုက်ပြီဆို။ တခြား ဘာပြောစရာကျန်သေးလို့လဲ။"
"အာ။ မဟုတ်ပါဘူး။မကျန်ဘူး။စား.. စားစရာရှိတာ စားတော့။"
နံနက်စာ စားပွဲဝိုင်းမှာ Lisa တစ်ယောက်
အယောင်ယောင် အမှားမှား ဖြစ်နေသဖြင့် Rosè မှာ တစ်စုံတစ်ခုကို သဘောပေါက်ဟန်ဖြင့် ပြုံးစိပြုံးစိ ဖြစ်နေသည်။

VOUS LISEZ
အချစ်နဲ့ လက်တစ်ကမ်း(Completed)
Fanfictionကောင်မလေးတွေကို ချစ်တဲ့စိတ်နဲ့ ပေါ့ပေါ့းပါးပါး ဖန်တီးမိထားတာလေးပါ။ အမှားအယွင်းများရှိခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်လျက်။