[Unicode]
" ဗြောင်ဘတ်ခ်ဟျွန်း "
ရေချိုးခန်းထဲမှ ခေါင်းသုတ်ရင်း ထွက်လာတဲ့ Hundred က ကျောနောက်မှ သူ့နာမည်ရင်းကို ခေါ်လိုက်သံကြောင့် ဒိတ်ခနဲဖြစ်သွားတဲ့ ရင်ခုန်သံနှင့်အတူ လှည့်ကြည့်လိုက်မိ၏။
ချန်ယောလ် !
Hundred ရဲ့ အထက်တန်းတုန်းက ကျောင်းသားကတ်လေးကို ထောင်ပြပြီး ပြုံးပြနေလေတဲ့ ချန်ယောလ်။
" ဗြောင်ဘတ်ခ်ဟျွန်း ... နာမည်အရင်းလေးက မိုက်သားပဲ "
ချန်ယောလ် နှုတ်ဖျားမှ သူ့နာမည်ခေါ်သံကို ကြားရလေ ရင်ဘတ်ထဲက နှလုံးသား နွေးထွေးသွားလေ ဖြစ်ပြီး တဒိတ်ဒိတ်ဖြင့် လှုပ်ရှားမှုလည်း မြန်လာနေတာမို့ ဘတ်ခ်ဟျွန်းမျက်မှောင်ကြုတ်လိုက်သည်။
နာမည်အရင်း အခေါ်မခံရတာ ကြာလို့ ဖြစ်မှာပါ။
ဖေဖေဆုံးသွားပြီးထဲက သူ့ကို ယခုလို နာမည်အရင်းဖြင့် ခေါ်သည့်သူ မရှိတော့။ ထို့ကြောင့် သူဒီလို နွေးထွေးသွားတဲ့ ခံစားချက်နဲ့ ရင်ခုန်သွားတဲ့ ခံစားချက်က အခေါ်မခံရတာ ကြာတဲ့ နာမည်နဲ့ အခေါ်ခံလိုက်ရတာကြောင့် ဖြစ်မည်ဟု ဘတ်ခ်ဟျွန်း မှတ်လိုက်လေသည်။
" မင်း ဘယ်လို ငါ့အခန်းထဲ ရောက်နေတာလဲ "
" ကိုယ် ပျင်းလို့လေ ... မင်းလေးရဲ့ အိမ်က ဂိုဏ်းအရှင်သခင်တစ်ယောက်ရဲ့ အိမ်ဖြစ်နေပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာ ဘာမှမှ မရှိတာ ... ဒါကြောင့် မင်းအခန်းကို ကိုယ်လာရတာပေါ့ ... ကြည့်လေ အခု ကိုယ်စိတ်ဝင်စားစရာတွေ အများကြီး တွေ့သွားပြီ "
ခပ်ပြုံးပြုံးနှင့် သူ့ကိုရှင်းပြနေတဲ့ ချန်ယောလ်ကို ဘတ်ခ်ဟျွန်း မျက်နှာလွှဲလိုက်ပြီး ဘီရိုနားသို့ လျှောက်သွား၍ အဝတ်အစားတစ်စုံထုတ်လိုက်၏။
" ဒါနဲ့လေ ဒီကျောင်းသားကတ်ပေါ် ရေးထားတဲ့ မွေးသက္ကရာဇ်က မင်းရဲ့ တကယ့်အစစ် မွေးသက္ကရာဇ်လား ... တကယ်ဆို မင်းအသက်က .. "
" ဟုတ်တယ် အမှန်ပဲ ... ငါ့အသက် ၃၀ "
" တကယ်ကြီး !? လုံးဝ လုံးဝ မထင်ရဘူးနော် ! ကိုယ်ပထမပြောဖူးသလိုပဲ ကိုယ်ထင်တာ မင်း အသက်က အများဆုံး ၂၃ လောက်ပေါ့ ... တကယ်တော့ ကိုယ့်ထပ် ၃ နှစ်တောင်ကြီးနေတာပဲ ကိုယ့်အရိပ်လေးက "