[Unicode]
အဝေးပြေလမ်းမပေါ်မှာ အရှိန်ပြင်းစွာ မောင်းနှင်နေတဲ့ ကားတစ်စီး။ ထိုကားထဲမှ အမျိုးသားကတော့ လက်တစ်ဖက်ဖြင့် ကားကို မောင်းနေခဲ့ပြီး ကျန်လက်တစ်ဖက်ဖြင့် လက်ထဲတွင် ကိုင်ထားသော ဖုန်းမြေပုံထဲမှ အနီရောင် အစက်ကလေးကို နီရဲနေသော မျက်ဝန်းတွေဖြင့် စိုက်ကြည့်နေခဲ့သည်။
ဘာလို့လဲ။ မနေ့ကထိ သူနဲ့တူတူ ဒီနိုင်ငံမှာ ရှိနေခဲ့တဲ့ အရိပ်ကလေးက ဘာလို့ ဒီနေ့မှ တစ်ခြား နိုင်ငံတစ်ခုကို ရောက်နေရတာလဲ။ ဘာကြောင့်လဲ။ ခဏအတွက် သွားတာလား။ ဒါမှမဟုတ် ...
ဆက်မတွေးရဲတော့တဲ့ ချန်ယောလ်က ကားကိုထပ်အရှိန်တင်၍ မောင်းလေသည်။
အရိပ်ကလေးရဲ့ ကိုယ်ထဲမှာရှိနေတဲ့ GPS ကြောင့်သာ ချန်ယောလ် အရိပ်ကလေး သွားပြီးတာနဲ့ နောက်နေ့မှာ အခုလို သိလိုက်ရတာ။ အကယ်၍ သူသာ GPS ကို မထည့်ထားခဲ့ရင် အခု အရိပ်ကလေး ဘယ်မှာ ရှိနေလဲဆိုတာတောင် သူသိမှာမဟုတ်ဘူး။
တွေးလေ ရင်ထဲက အောင့်သက်သက် ဝေဒနာက တိုးလေ ဖြစ်နေတာမို့ ချန်ယောလ်မှာ အံတင်းတင်းကြိတ်ထားရသည်။
" ကျွီ "
" တီ !!! "
ပိတ်ထားတဲ့ ခြံတံခါးရှေ့ ကားထိုးရပ်လိုက်တဲ့ ချန်ယောလ်က ဟွန်းကို အဆက်မပြတ်တီးနေခဲ့သည်။ အထဲတွင် လူရိပ်ကို မြင်နေရတာကြောင့် ခြံစောင့်ထားခဲ့ခြင်းဖြစ်နိုင်သည်မို့ သိချင်နေသည်ကို မေးရန်ပင်။
" မင်းက ဘယ်သူလဲ "
ထွက်လာတဲ့ လူက အနက်ရောင်ဝတ်စုံအပြည့်နှင့် ဖြစ်ပြီး ကြည့်ရသလောက် အရိပ်ကလေးရဲ့ လူယုံထဲက ဖြစ်ပုံရသည်။
" ငါဘယ်သူလဲဆိုတာက အရေးမကြီးဘူး ... ငါမေးတာပဲ ဖြေပေး ... မင်းတို့ ဆရာ Hundred ... Maldives သွားတာ ဘယ်နှစ်ရက်နေရင် ပြန်လာမှာလဲ "
" မင်း ... မင်း ဘယ်လိုသိတာလဲ ... ဆရာ Maldives သွားတာကို ငါနဲ့ မင်ဂျွန်းပဲ သိတာလေ ... မင်းက ဘယ်သူလဲ "
မျက်လုံးပြူး၍ သူ့ကို လက်ညိုးထိုးပြီး ပြောနေတဲ့သူကို ချန်ယောလ် နှုတ်ခမ်းတစ်ဖက် ကော့ညွတ်ရုံ ပြုံးပြလိုက်သည်။