[Unicode]
ဘတ်ခ်ဟျွန်းရဲ့ မေမေက ဘတ်ခ်ဟျွန်းမွေးပြီးတော့ ဆုံးပါးသွားခဲ့တာဖြစ်သည်။ မွေးကင်းစအရွယ်ကနေစပြီး သိတတ်စ အရွယ်ရောက်တဲ့ အထိ ဘတ်ခ်ဟျွန်းက သူ့ဖခင် ဗြောင်ဘတ်ခ်ဂျွန် လက်ထဲမှာ ကြီးပြင်းခဲ့ပေမဲ့ ကျောင်းတတ်ရမဲ့ အရွယ်ရောက်ချိန်တွင်တော့ ဗြောင်ဘတ်ခ်ဂျွန်က ဘတ်ခ်ဟျွန်းကို ဂိုဏ်းထဲမှ ထွက်သွားစေခဲ့ပြီး အပြင်တွင်သာ ပညာသင်ယူစေခဲ့သည်။
ထိုအချိန်မှစပြီး ဘတ်ခ်ဟျွန်းက လူယုံနှစ်ယောက် ၊ အိမ်တော်ထိန်း အန်တီငယ်တစ်ယောက်နှင့်သာ ဆက်နေထိုင်ခဲ့ရသည်မှာ အသက် ၂၀အရွယ် ရောက်သည့်အထိ။
မိသားစုရဲ့ နွေးထွေးမှုနှင့် ဖခင်ဆီမှ အချစ်ကို မရတော့တဲ့ ဘတ်ခ်ဟျွန်းက တဖြည်းဖြည်း အေးစက်သွားခဲ့ပြီး သူခံစားရသမျှ မည်သူ့ကိုမှ ပြောပြခြင်းမရှိတော့။ တစ်ယောက်တည်းသာ အမြဲနေပြီး သူငယ်ချင်းလည်း မရှိသည့် ဘတ်ခ်ဟျွန်းတွင် ထူးထူးခြားခြားရယ်လို့လည်း ဘာခံစားချက်မှမရှိခဲ့ပါ။
ဘတ်ခ်ဟျွန်းက အသက် ၂၀ အရွယ်အထိ ဘဝကို အေးအေးဆေးဆေးသာ ကုန်ဆုံးခဲ့သည်။ ပညာသင်ယူရင်း ကိုယ်ခံပညာများစွာကို သင်ယူရင်းဖြင့်ပင်။
ထိုကဲ့သို့ အေးစက်တည်ငြိမ်သော ဘတ်ခ်ဟျွန်း ဘဝလေးက ဖခင်ဗြောင်ဘတ်ခ်ဂျွန် ရုတ်တရက် ကွယ်လွန်သွားသည့်အချိန်မှစ၍ ပြောင်းလဲသွားခဲ့သည်။
ဖခင်ရဲ့ Hundred ဂိုဏ်း ဘတ်ခ်ဟျွန်းလက်ထဲ ရောက်လာချိန်တွင် ဘတ်ခ်ဟျွန်း သိသည်က ဘာမှရေရေရာရာ မရှိခဲ့။ တဖြည်းဖြည်းနှင့်ပင် ကြိုးစားလုပ်ခဲ့ပြီး ဂိုဏ်းကို ဘတ်ခ်ဟျွန်းက ဆက်လက်ထိန်းသိမ်းခဲ့ပေမဲ့ လုပ်ချင်သည့်အရာမဟုတ်လေတော့ အလုပ်တွေ အဆင်ပြေသော်လည်း ဘတ်ခ်ဟျွန်းရဲ့ စိတ်ထဲ မပျော်ရွှင်ပေ။ ထိုအချိန်တွင် ဖခင်ရဲ့ လူယုံက ဘတ်ခ်ဟျွန်းကို ဒိုင်ယာရီ စာအုပ်တစ်အုပ် ပေးခဲ့သည်။ သူ့ဖခင်ရဲ့ ဒိုင်ယာရီစာအုပ်ပင်။
ထိုထဲတွင် ရေးသားထားသမျှကို ဖတ်ရုံနှင့် ဖခင် ဗြောင်ဘတ်ခ်ဂျွန်က ဘတ်ခ်ဟျွန်းကို ဒီအန္တရာယ်များတဲ့ အမှောင်လောကထဲ မဝင်စေချင်မှန်း သိသာလှပါသည်။ ထို့ကြောင့်လည်း ဘတ်ခ်ဟျွန်းကို ငယ်ငယ်ထဲက ဂိုဏ်းနှင့် ဝေးရာတွင် ထားခဲ့သည်။