Part - 7

914 182 39
                                    

[Unicode]

အဝေးပြေးလမ်းမပေါ်၌ အရှိန်ပြင်းစွာ မောင်းနှင်နေတဲ့ Audi Sport ကားလေး။

ထိုကားလေးထဲတွင် ထိုင်နေကြသူနှစ်ဦးသည် Hundred Gang အရှင်သခင်နဲ့ သူ့လူယုံ မင်ဂျွန်းဖြစ်သည်။

" ကျွီ "

ဘရိတ်အုပ်လိုက်သံနှင့်အတူ ရပ်တန့်သွားတဲ့ကားထဲတွင် မျက်စိမှိတ်ထိုင်နေတဲ့ Hundred အသံထွက်လာ၏။

" ဘာဖြစ်တာလဲ မင်ဂျွန်း "

" ဆရာ ရှေ့မှာ "

မင်ဂျွန်းရဲ့ ပြန်ဖြေသံက သတိအနေအထားဖြစ်နေတာကြောင့် Hundred မျက်လုံး ဖွင့်ကြည့်လာပါတော့၏။

ကားရှေ့တည့်တည့်တွင် ပိတ်ရပ်နေတဲ့အရောင်တလက်လက်ထနေသော အနက်ရောင် မော်ဒယ်မြင့်ဆိုက်ကယ်တစ်စီး။ ထိုဆိုက်ကယ်ပေါ် ခွထိုင်နေသူက တစ်ကိုယ်လုံး အနက်ရောင်ကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် အနက်ရောင် ဆိုက်ကယ် ဦးထုပ်ကို ဝတ်ဆင်ထားသည်ကြောင့် မျက်နှာကို မမြင်ရ။

" ငါတို့ ဒီနေ့ အပေးအယူအတွက် သွားမယ်ဆိုတာ ဘယ်သူတွေကို ပြောထားသေးလဲ မင်ဂျွန်း "

" ဘယ်သူကိုမှ မပြောထားဘူး ဆရာ ... ကျွန်တော်နဲ့ဆရာရယ် ဟိုဘက်က လူတွေရယ်ပဲ သိထားတာ "

" ဒါဆို ရှေ့က လူက ဘယ်သူလဲ ... ကျစ် ... ရှုပ်ရှုပ်ယှက်ယှက်ကွာ "

" ဆရာ ... ကျွန်တော် ရှင်းလိုက်မယ်လေ "

" ဒီရက်ပိုင်း ငါ သတော်လေး ပျင်းနေတာလေ ... အဲ့တာကြောင့် ငါ ဆင်းမယ် "

Hundred သည် မင်ဂျွန်းလက်ထဲမှ သေနတ်ကို ဆွဲယူ၍ ကားပေါ်မှဆင်းပြီး တစ်လှမ်းချင်းလျှောက်သွားလေသည်။

ဆိုက်ကယ်ပေါ်မှလူကလည်း Hundred ဆင်းလာတာကို မြင်သည်နှင့် ခွထိုင်နေရာမှ ရှည်လျားလွန်းတဲ့ ခြေတံတစ်ဖက်ကို ဖြောင့်တန်းစွာ လွှားကနဲ လွှဲယူပြီး ဆိုက်ကယ်ပေါ်မှ ဆင်းလာလေသည်။

Hundred သည် သူ့ရှေ့မှလူကို ကြည့်ရင်း ဘာမှမဆိုင်စွာ သူ့ကို နှောက်ယှက်ခဲ့ဖူးသည့် ပတ်ချန်ယောလ်ဆိုတဲ့ ကောင်လေးကို သတိရသွားသည်။

ကျစ် !

စိတ်မကြည်ဖြစ်သွားတဲ့ Hundred ရဲ့ မျက်နှာက ပိုအေးစက်သွားချိန် ခြေလှမ်းတွေက ပိုသွက်လာခဲ့၏။

H U N D R E D ( Completed )Tempat cerita menjadi hidup. Temukan sekarang