*born warrior & great author part 1*

1K 87 6
                                    

ကျမတို့နှစ်ယောက်စတွေ့ခဲ့တာက သူမရဲ့စာအုပ်သစ်လက်မှတ်ထိုးပွဲမှာ
ကျမဆီကို နွားနို့အမြဲလာပို့ပေးတဲ့ ညီမလေးတယောက်ရှိတယ်
အဲ့ဒီကလေးက သူမကို သိပ်ချစ်တာလေ
အဲ့တာကြောင့် သူမအတွက် စာအုပ်ယူပေးမယ်ဆိုပြီး ထွက်လာခဲ့တာ
ကျမရောက်တော့ သူမအနားမှာ လူတွေစုပြုံနေတာနဲ့
ခပ်လှမ်းလှမ်းကနေပဲ ငေးကြည့်နေခဲ့တယ်
သူမက ဖြူစင်တဲ့အပြုံးတခုနဲ့ စာအုပ်တွေတအုပ်ပြီးတအုပ် လက်မှတ်ထိုးပေးနေခဲ့တယ်
သူမကိုကြည့်ရတာ မပင်ပန်းသလိုပါပဲ
အမြဲရွှင်လန်းတက်ကြွနေပြီး ပွင့်သစ်စပန်းလေးနဲ့တူတယ်
သူမရဲ့ပျော်ရွှင်ခြင်း aura က ငေးကြည့်နေမိတဲ့
ကျမဆီကိုပါ ကူးစက်လာတာကြောင့်
မရည်ရွယ်ပါပဲ သူမကိုကြည့်နေရင်း ပြုံးလိုက်မိတယ်
တကယ်ကြီး ကျမပြုံးလိုက်မိတာလား..
ပြုံးရယ်ခြင်းက ကျမနဲ့ရင်းနှီးတဲ့အရာတခုမှမဟုတ်တာပဲ
သူမအနားမှာ လူတွေမရှိတော့မှ ကျမ သူမအနားကို သွားလိုက်တယ်

"စာအုပ်ပါလား လက်မှတ်ထိုးပေးမယ်"

သူမကပဲ စတင်စကားဆိုတယ်
ကျမ ဘယ်လိုပြန်ပြောရမလဲ ကျမမှာ စာအုပ်မှမရှိတာ
သူမကို ဘာမှပြန်မပြောပဲ ငေးကြည့်နေတော့

"စာအုပ်မရှိဘူးလား"

ကျမ သူမရှေ့က စာအုပ်တွေကို တချက်လှမ်းကြည့်လိုက်ပြီး
ကျမမှာပါလာတဲ့ နွားနို့ပုလင်းကို စားပွဲပေါ်တင်လိုက်တယ်

"နွားနို့က ဘာလုပ်ဖို့လဲ"

သူမနဲ့ရွယ်တူ မန်နေဂျာဖြစ်ဟန်တူတဲ့အမျိုးသမီးက
ကျမကို တားတယ်

"သူ့အတွက်လေ"

ကျမ စာရေးဆရာမကို လက်ညှိုးထိုးပြလိုက်တယ်

"နေပါစေ ရှားရဲ့ fan တယောက်ပဲ"
"အဆိပ်တွေ ပါနေရင် ဘယ်လိုလုပ်မလဲ"

ကျမ နွားနို့ပုလင်းကို အဖုံးဖွင့်ပြီး တငုံသောက်ပြလိုက်တယ်

"အဆိပ်မပါဘူးဆိုတာ သေချာပြီမဟုတ်လား"

ရှားဟန်က ကျမကိုကြည့်ပြီး ရယ်နေတယ်
ပြီးတော့ ကျမကို နားလည်သလိုနဲ့
ပြုံးကြည့်နေပြီး စားပွဲပေါ်က စာအုပ်တအုပ်ကိုဆွဲယူလိုက်တယ်

"born warrior & great author*(complete)Donde viven las historias. Descúbrelo ahora