*born warrior & great author part 8*

376 54 6
                                    

"တခုမေးကြည့်ချင်တယ် ရမလား"
"ကျမ ဘာကြောင့် လူသတ်ခဲ့ရတယ်လို့လား
ဘာကြောင့်လဲဆိုရင် တရားဥပဒေက လူတန်းစားအကုန်လုံးကို ကာကွယ်မှုမပေးနိုင်တော့တဲ့အခါ အခြေခံလူတန်းစားတွေနဲ့ တရားဥပဒေက မသက်ဆိုင်တော့တဲ့အခါ တခြားစီရင်မှုတခုရှိလာသင့်တယ်မဟုတ်လား ဖိနှိပ်မှုတွေဆိုတာက ငုံ့ခံနေရင် ပိုဆိုးလာဖို့ပဲရှိတယ်
တော်လှန်ရေးဆိုတဲ့သဘောမှာက တိုက်ပွဲဆိုတာ
တွဲပါနေတာပဲမဟုတ်လား ဘာကိုမှမျှော်လင့်လို့မရတော့တဲ့အခါ ထိရောက်တဲ့တန်ပြန်မှုဆိုတာ
ရှိလာရမှာပဲလေ"
"အဲ့ဒီအကြောင်းပြချက်တခုတည်းကြောင့်တော့
မထင်ဘူး"

စုံထောက်ပီပီ စူးစမ်းမှုတချို့ သေချာတဲ့ပုံစံနဲ့ ကျမကို မေးလာတယ်

"မှန်ပါတယ် တခြားအကြောင်းပြချက်က ကျမ
ရှားဟန်ကို ကာကွယ်ချင်ခဲ့လို့ တကယ်က
အဆုံးရှုံးမခံနိုင်တာကြောင့်ရောပါ"
"တကယ်ဆို အခုလိုလာအဖမ်းမခံရင် သက်သေရှာဖို့ခက်တဲ့အမှုလေ ဘာကြောင့်လဲ"
"တရားဥပဒေက လစ်ဟင်းမှုတွေပြည့်နေပေမယ့်
အမှန်တရားကိုတော့ ကျမယုံကြည်ပါတယ်
အချိန်ကြာကြာ ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး ပြီးရင် ညစ်နွမ်းနေတဲ့နှလုံးသားနဲ့ ရှားဟန်အနားမှာ မနေနိုင်ဘူး သွေးစွန်းနေတဲ့ကျမလက်တွေနဲ့ သူ့ကို မပွေ့ဖက်ရက်ဘူး"
"ကျနော်မေးကြည့်ချင်တယ် စိတ်မဆိုးဘူးမျှော်လင့်ပြီးတော့.."
"ရပါတယ် မေးပါ"
"ရှားဟန်ကိုချစ်တာက သူငယ်ချင်းတယောက်အနေနဲ့လား ဒါပေမယ့် အဲ့ဒီထက်ပိုနေသလိုပဲ"
"တကယ်တမ်းတော့ အဲ့ဒီအချစ်ကို ကျမ ဘာသာမပြန်တတ်ပါဘူး ရှင်ပြောသလို ဖြစ်ချင်လည်း ဖြစ်မှာပါ ကျမက ခံစားချက်တွေနဲ့
မရင်းနှီးခဲ့ဘူးလေ"
"ကျနော်ခံစားလို့ရပါတယ် ရှားဟန်ကို သိပ်ချစ်တယ်မဟုတ်လား ဘယ်သူမှ တခြားသူအတွက်
ကိုယ့်ဘဝကို အလွယ်မပေးတတ်ဘူးလေ
အခြားသူကိုကာကွယ်ဖို့ အခုလိုမျိုး risk ယူမှာလည်း မဟုတ်ဘူး အဲ့ဒီလူက အသက်နဲ့ထပ်တူတန်ဖိုးထားရတဲ့ချစ်သူမဟုတ်ခဲ့ရင်ပေါ့
ကျနော် နားလည်ပေးနိုင်ပါတယ်
‌ဒါပေမယ့် ကျနော်က တရားဥပဒေရဲ့ဘက်တော်သားလေ ဘာပဲဖြစ်ဖြစ် ကျနော့တာဝန်ကိုကျနော် လုပ်ရမယ်
ဆုတောင်းပေးပါတယ် ရှားဟန်နဲ့ပြန်ဆုံဖို့"
"ဘယ်သိနိုင်မလဲ ကျမတို့တွေ ကံတရားကို
ကြိုသိနိုင်တာမှမဟုတ်တာ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ရှားဟန် အဆင်ပြေလား"
"စုံထောက်ဝမ်ပါလား ဘယ်ကနေလှည့်လာတာလဲ"
"ဒီကိုပဲ သက်သက်လာခဲ့တာ"
"ကျမအဆင်ပြေပါတယ် တကယ်တော့ အဆင်မပြေဘူးပေါ့"
"ကျနော် ဘာကူညီရမလဲ ကျနော့အကူအညီလိုရင် ပြောပါ"
"ဝေ့ယန်ကို လွတ်မြောက်အောင်လုပ်ပေးပါ"
"အဲ့တာက ကျနော်မလုပ်နိုင်တဲ့အလုပ်တခုလေ"
"ဒါဆိုရင် ရှင်ဘာမှမကူညီနိုင်ပါဘူး
ကျမအတွက် အဲ့တာပဲလိုအပ်တာမို့"
"ဝေ့ယန်အပေါ် ဘယ်လိုမြင်လဲ"
"စုံထောက်ဝမ်က ဘာအတွက် သိချင်တာလဲ"
"ကျနော် ဒီအတိုင်း သိချင်စိတ်နဲ့ပါ"
"ဝေ့ယန်က ကျမအတွက် ဘုရားကပေးတဲ့လက်ဆောင်တခုပါ
သူနဲ့တွေ့ခွင့်ရတာက ကံကြမ္မာတခုဆိုရင်
အဲ့ဒီကံကြမ္မာက ကျမအတွက် အကောင်းဆုံးကံတရားတခု ကျမ သူ့ကို အဲ့လောက်ထိတန်ဖိုးထားပါတယ်"
"ရှားဟန်တို့က သိပ်လိုက်ဖက်ပါတယ်
တယောက်က သူ့ဘဝကို စွန့်လွှတ်ပြီး ကာကွယ်တယ် တယောက်က သူ့ရဲ့ဂုဏ်သိက္ခာကို စွန့်လွှတ်ဖို့ ဝန်မလေးဘူး"
"ဝေ့ယန်က ဘာပြောခဲ့သေးလဲ"
"ဘာမှသိပ်မပြောပါဘူး ဒါပေမယ့် သူက
ရှားဟန်ကို တကယ်ချစ်ပါတယ်"
"အဲ့လိုမျိုးချစ်ရဲ့သားနဲ့ ကျမအနားကနေ
ဘာကြောင့်များ ထွက်သွားရတာလဲ"
"ရှားဟန်ကိုသိပ်ချစ်လို့ပဲ ထွက်သွားခဲ့တာပါ
ဝေ့ယန်ကပြောတယ် သွေးစွန်းနေတဲ့သူ့လက်တွေနဲ့ ရှားဟန်ကို မပွေ့ဖက်ရက်ဘူးတဲ့
သူ့အပြစ်တွေကို ဆေးကြောပြီးမှ ရှားဟန်အနားကို ပြန်လာမယ်ထင်တယ်"
"ပြန်လာမယ်ထင်တယ်ဆိုတာက ဘာလဲ"
"ကျနော့ကို မပြောခဲ့ဘူး ရှားဟန်
ဒါပေမယ့် သူ့မျက်ဝန်းတွေကိုကြည့်ရတာ
ရှားဟန်ဆီကို အမြန်ပြန်လာချင်ပုံပါပဲ
သူ ရှားဟန်ဆီကို သေချာပေါက်ပြန်လာမှာပါ"

"born warrior & great author*(complete)Tahanan ng mga kuwento. Tumuklas ngayon