*born warrior & great author part 4*

376 48 4
                                    

"ပထမဆုံးအနေနဲ့ ပစ်မှတ်ကိုအာရုံစိုက်
ပြီးတော့ အသက်ကို ဖြေးဖြေးချင်းရှု
နှလုံးခုန်နှုန်းကိုလည်း တချက်ချင်းခုန်နေအောင်
စိတ်ကိုငြိမ်အောင်ထားရမယ်
သေနတ်မောင်းကို ဆွဲတော့မယ်ဆိုရင် အသက်ကို ခဏအောင့်ထား ပြီးရင် တွေဝေမှုမရှိပဲ
လက်ကို လွှတ်လိုက်တော့"

sniper rifle ကို ပစ်တော့မယ်ဆိုရင် ကိုက် 100 ကွာဝေးတိုင်း လွဲချော်နိုင်မှုအတွက် တလက်မပေါင်းထည့်ပေးရတယ်
ကျည်ဆန်ပစ်အားအပေါ်မှာ အဓိကသက်ရောက်တာက လေထုနဲ့ ကမ္ဘာမြေဆွဲအား
လေထုကို တွက်ဖို့ဆိုရင် မီးခိုး ဒါမှမဟုတ် လှုပ်ခတ်နေတဲ့သစ်ရွက်တွေကို ကြည့်ရင် သိနိုင်တယ်
ပစ်မှတ်အနားမှာ အလံတွေရှိရင်လည်း အဆင်ပြေပါတယ်
ပြီးတော့ အပူချိန်ကလည်း သက်ရောက်နိုင်တယ်
လေထုထဲမှာ စိုထိုင်းဆများနေရင် ကျည်ဆန်ပစ်အားကို ထိခိုက်နိုင်တယ်(‌အနည်းငယ်နှေးကွေးစေတယ်)
ပူနေတဲ့လေထုကိုတော့ ကျည်ဆန်က အလွယ်ဖြိုခွင်းသွားနိုင်ပါတယ်
ကမ္ဘာမြေဆွဲအားအတွက်ဆိုရင် ပစ်မှတ်ကိုကျော်ပြီး ပစ်တာမျိုးက လွဲချော်မှုကို ရှောင်လွှဲနိုင်တယ်
sniper တယောက်အတွက် အဓိကလိုအပ်တာက
စိတ်ရှည်သည်းခံခြင်းနဲ့ သီအိုရီကျကျဆုံးဖြတ်နိုင်ခြင်းပဲ
ပစ်မှတ်ကို ထိမှန်အောင်ပစ်နိုင်ဖို့က ယုံကြည်မှု
ကျွမ်းကျင်မှုနဲ့ sense လို့ခေါ်တဲ့ အာရုံခံသိရှိမှု
"feel" ခံစားမှုလို့လည်း ပြောကြပါတယ်
ပြီးတော့ M21 လို RPG1 လို rifle တွေမှာ အလိုအလျောက်စနစ်တွေပါတာကြောင့် ပစ်မှတ်ကို ပိုတိကျအောင် ပစ်ခတ်နိုင်တယ်

ကျန်းဝမ်ကို ပစ်ခဲ့တာက M21 နဲ့ပါ
ဒါကြောင့်ပဲ ရဲစခန်းထိ အရဲစွန့်သွားပြီး ပြန်ယူခဲ့ရတာ
သူ့ကို သတ်ခဲ့ရတာက ဟုန်းမေရဲ့သေဆုံးခြင်းအတွက်လား
သေချာတာက အဲ့ဒီထက်ပိုတဲ့ ခံစားချက်တွေ
ရှိနေတာပါပဲ
ကျမ ရှားဟန်ကို ပျော်စေချင်တယ်
တကယ်တမ်း သူမကို ပျော်ရွှင်မှုမပေးနိုင်ရင်တောင် သူမကို မပျော်ရွှင်စေတဲ့အရာတွေကို
ဖယ်ရှားပေးမယ်
ဒါက ကျမလုပ်နိုင်တဲ့ တခုတည်းသော အရာပဲမဟုတ်လား
ကျမ ငယ်ငယ်က အထီးကျန်တဲ့ကျွန်းငယ်လေးမှာ ကြီးပြင်းခဲ့ရတယ်
အစားအစာအတွက်တောင် တယောက်နဲ့တယောက် ယှဉ်ပြိုင်ခဲ့ရတယ်
လက်နှေးသွားခဲ့ရင် အဲ့ဒီနေ့အတွက်က အစာရဖို့
မဖြစ်နိုင်တော့ဘူး
ဗိုက်ဟောင်းလောင်းနဲ့ အိပ်ပျော်အောင်သာ
အိပ်ပေတော့ပဲ
ငဲ့ညှာမှုဆိုတာလည်း အဲ့ဆီမှာ လိုအပ်တဲ့အရာတခု မဟုတ်ခဲ့ဘူး
ဘာကြောင့်လဲဆိုရင် အနိုင်ရဖို့အတွက်ပဲ တွေးကြပြီး ဘယ်သူမှ မင်းအတွက် ငဲ့ညှာပေးမှာ
မဟုတ်လို့ပါ
သူငယ်ချင်းတွေ သံယောဇဉ်တွေဆိုတာ
ဒီနေရာနဲ့ လုံးဝမသက်ဆိုင်ဘူး

"born warrior & great author*(complete)Tahanan ng mga kuwento. Tumuklas ngayon