*born warrior & great author ending*

535 57 9
                                    

ကျမနဲ့အတူ mission လုပ်ရမယ့်မိန်းကလေးနာမည်က ယွမ်ယွမ်ပါ
ကျမတို့အတွက် သတင်းပေးလုပ်ငန်းရှင်အကူအညီနဲ့ စီးပွားရေးနည်းပညာနှီးနှောဖလှယ်ပွဲတခုကို တက်ရတယ်
တကယ်က အမည်ခံဆွေးနွေးပွဲတခုပါ
သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ဘယ်လိုကာကွယ်ကြမလဲဆိုပြီး နည်းလမ်းရှာတဲ့ဆွေးနွေးပွဲတခုပါ
‌ဆွေးနွေးပွဲမှာ ကျမပြတဲ့လက်နက်ဆန်းတွေကို
သူတို့စိတ်ဝင်စားကြတာကြောင့် ရှေ့ဆက်ဖို့အတွက် အဆင်ပြေသွားခဲ့ပါတယ်

"ကျမနာမည် ရှင်းအာပါ ဝန်ကြီး"

ကျမ ဝန်ကြီးဆိုသူအနားကို သွားပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်တယ်
ဝန်ကြီးက ကျမကို တချက်ကြည့်လိုက်ပါတယ်
ဒါပေမယ့် ကျမက မှောင်ခိုလက်နက်ပွဲစားမှန်းလည်း သိနေတော့ အသာတကြည်ပဲ ပြန်လက်ဆွဲပြီး နှုတ်ဆက်တယ်

"ဒါက ကျမရဲ့အတွင်းရေးမှုးယွမ်ယွမ်ပါ"

ဝန်ကြီးက ယွမ်ယွမ်ဘက် လှည့်လိုက်တဲ့အခါ
ကျမ သူ့ရဲ့ကုတ်အင်္ကျီထဲကို အသံဖမ်းစက်သေးသေးလေး ပစ်ထည့်လိုက်တယ်
အနားမှာ လုံခြုံရေးတွေ ရှိပေမယ့်လည်း ဘယ်သူမှ မရိပ်မိပါဘူး
သူတို့အတွက်က လူဆိုးတွေကို ဂရုမစိုက်ပါဘူး
ဓာတ်သဘာဝတူကြတယ်မဟုတ်လား
သူတို့ရဲ့ တခုတည်းသောကြောက်ရွံ့ရာက လူကောင်းတွေပါ

"အချိန်အားရင် အိမ်ကို လာလည်ပါဦး မစ်ရှင်းအာ"
"ဟုတ်ကဲ့ လာဖြစ်အောင်လာခဲ့မှာပါ"

ဆွေးနွေးပွဲက ပြန်လာပြီးတဲ့အခါ ကျမတို့နှစ်ယောက် အခန်းမှာပဲနေပြီး အသံဖမ်းစက်ကို
နားထောင်နေခဲ့ကြတယ်
ဝန်ကြီးက လက်နက်တွေကို မြင်ချင်တယ်ပြောလာတာကြောင့် ဌာနချုပ်ကို ဆက်သွယ်ပြီး
လက်နက်ပို့ပေးဖို့ ပြောရတယ်
သူတို့ကိုပြတဲ့အခါ လက်နက်အစစ်တွေပဲ ပြမှာပါ
ဒါမှသာ ပိုပြီး ယုံကြည်ကြမယ်မဟုတ်လား
တကယ်တမ်း ဝယ်ယူပြီးတဲ့အခါမှာတော့ ကျမတို့သေချာပြုပြင်ထားတဲ့လက်နက်တွေကိုပဲ
ပို့ပေးမှာပါ
အဲ့ဒီအချိန်ထိ မရောက်နိုင်တဲ့အခြေအနေဆို‌ရင်လက်နက်အတွက် စိုးရိမ်စရာမရှိတော့ပါဘူး

တရက်ကုန်အောင် နားထောင်ပြီးတဲ့အခါ သူတို့ရဲ့လုပ်ငန်းဆိုင်ရာအထောက်အထားတွေ
ဥပဒေမဲ့လုပ်ရပ်မှန်သမျှနဲ့ ငွေမဲစာရင်းတွေက
ဝန်ကြီးရဲ့စာကြည့်ခန်းထဲမှာရှိတာကို သိခဲ့ရပါတယ်
အဲ့တာကို သိတဲ့အခါ ကျမတို့နှစ်ယောက် ဝန်ကြီးအိမ်ကို လက်နက်ပြရင်း အလည်သွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်

"born warrior & great author*(complete)Hikayelerin yaşadığı yer. Şimdi keşfedin