*born warrior & great author part 7*

348 49 6
                                    

"ကော်ဖီဖျော်ပေးပါလား ဝေ့ယန်"
"အင်း ဖျော်ပေးမယ်လေ"
"ဖျော်တတ်လို့လား"
"မနေ့က သင်ထားပါတယ် ပြီးတော့ ငါက အတတ်မြန်တယ်လေ"
"အာ့ဆို‌လည်း ဖျော်ပေးတော့ သောက်ချင်ပြီ"
"ကော်ဖီဖျော်ရင် နှလုံးသားနဲ့ ဖျော်ပေးရတယ်တဲ့"

ရှားဟန်က ကျမကို စူးစိုက်ကြည့်လာတယ်
အကြည့်လေးတခုပဲကို ကျမ ဘာကြောင့်များ
စိတ်လှုပ်ရှားနေမိပါလိမ့်
ကျမ မျက်ခုံးတွေကို ပင့်ပြီးမေးလိုက်တော့ ရှားဟန်က ခေါင်းခါပြတယ်
သူလည်း အခုအပြုအမူကို နားမလည်ပုံပါပဲ

"ကော်ဖီမှုန့်အရောင်ဖျော့ရင် အနံ့မွှေးပေမယ့်
အရသာက ရှုပ်ထွေးတယ်
အရောင်ရင့်တာက ပိုပြင်းပြင်းခါးတယ်
အဲ့တာကြောင့် အရောင်ရင့်တာလေးတွေ
ရွေးဝယ်ထားတာလေ"
"အင်း.."

ရှားဟန်က စားပွဲပေါ်မေးတင်ပြီး ကျမကို မော့ကြည့်နေတယ်

"ဖြေးဖြေးချင်း ကော်ဖီစေ့ကိုစိမ်ပြီး ရနံ့ကို
ဖြန့်ပေးရတယ်တဲ့
ရေနွေးထည့်တဲ့အခါ အပြင်ဘက်ကနေ စလောင်းရတယ်လို့လည်း ပြောကြတယ်
အဲ့တာက အနံ့ပိုမွှေးတယ်တဲ့လေ
ပြီးတော့ သကြားအများကြီးထည့်ရင် ကော်ဖီရဲ့အရသာကို ‌အားနည်းသွားစေနိုင်တယ်တဲ့"
"ဝေ့ယန်က အဲ့တာတွေလည်း သိတာပဲလား"
"အင်း သိတာလေးတွေ မှတ်ထားတာပါ"
"ဝေ့ယန်သာ ငါ့အနားရောက်မလာရင် ဘယ်လိုဖြစ်နေမယ်မသိဘူး"
"ဘာကိုလဲ"
"ဝေ့ယန်က ငါ့အတွက် ကံကောင်းမှုတခုပါ ပြီးတော့ possessive ဖြစ်လာတယ်ထင်တာပဲ"
"ဘယ်လိုမျိုးလဲ"
"ဝေ့ယန်ကို တခြားသူတွေ မပိုင်ဆိုင်ဆိုင်စေချင်ဘူး ငါလည်း မပိုင်နိုင်ပါဘူး ဒါပေမယ့်လည်း
ငါတို့နှစ်ယောက် အမြဲအတူရှိနေရင်ကောင်းမယ်
အဲ့ဒီခံစားချက်ကို ငါလည်း အတိအကျမသိဘူး"

တကယ်လို့ နင်သာ ပိုင်ချင်တယ်ဆိုရင်
ခွင့်တောင်းစရာမလိုအောင် ငါ့ဘဝကို ပေးအပ်ပြီးသားပါ
ဒါပေမယ့်လည်း ငါနင့်ကို မပိုင်ဆိုင်ရက်ဘူး

"ဒါနဲ့လေ ဝေ့ယန် စတူရီယိုကလည်း အလုပ်မဖြစ်တော့ ပိုက်ဆံတွေဘယ်ကရလဲ"
"မစိုးရိမ်ပါနဲ့ ငါ့မှာ ပိုက်ဆံတွေရှိပါတယ်"

အဲ့ဒီပိုက်ဆံတွေက ကျမရဲ့ assassin အလုပ်ကြောင့်ဆိုတာတော့ ပြောမပြချင်ဘူး
အခုချိန်မှာ ပြောမပြချင်တာပါ

"born warrior & great author*(complete)Hikayelerin yaşadığı yer. Şimdi keşfedin